educated Fox: post #402 — TG.ME

🦊“Educated Fox” မိသားစုမှ နှစ်သစ်မင်္ဂလာဆုတောင်း 💦 ကလေးလေးတို့နှစ်ဟောင်းမှာ သင်္ကြန်ရေစင်နှင့်အတူ ပက်ဖျန်းကြပြီး ပျော်ရွှင်ခဲ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 🔫 ဒါ့ကြောင့် ဒီနှစ် ၁၃၈၈ခုနှစ်ရဲ့ အစနေ့ရက်လေးဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့ အတာသင်္ကြန်အခါသမယအခါနေ့မှစတင်ပြီး နှစ်ဟောင်းကအညစ်အကြေးတွေပျောက်ကွယ်ပြီးတော့ ဖေဖေ၊မေမေ၊ဖိုးဖိုး၊ဖွားဖွား တို့နှင့်အတူ ပျော်ပျော်ရွှင်ရွှင် ကျန်းမာချမ်းသာတဲ့ နှစ်သစ်တစ်နှစ်ပိုင်ဆိုင်နိုင်ပါစေကြောင်း “Educated Fox” မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်။ 🙇‍♂️ #Educatedfox #Thingyan #wishes

April 17, 2026 397