နေ့စဥ်နေထိုင်စားသောက်ပုံနဲ့ ကိုယ့်ရဲ့အပြုအမူလေးတွေကိုပြင်လိုက်ရင်အဆင်ပြေပေမယ့် နည်းလမ်းလေးတွေကိုမျှဝေသွားပါမယ်ရှင့်
────୨ৎ────────୨ৎ────
꩜ .ᐟ ရေများများသောက်ပါ
လူတစ်ယောက်ဟာ နေ့စဉ် ရေ ဖန်ခွက် ၈ခွက်ခန့် အနည်းဆုံး သောက်ပေးဖို့ လိုအပ်ပါတယ်။ အားကစားလိုက်စားသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ် ပိုဆုံးရှုံးနိုင်တဲ့အတွက် ပိုပြီး သောက်ပေးဖို့ လိုအပ်ပါတယ်ရှင့်။
꩜ .ᐟ အပြင်ထွက်တိုင်း Sunscreen လိမ်းပေးပါ။
ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကို ကြမ်းတမ်းစေပြီး နဂိုမူလအသားအရောင်ကို မှိန်စေပြီး မွဲခြောက်စေတဲ့ တရားခံတွေထဲက တစ်ခုပဲ။ ဒါကြောင့် အပြင်သွားတော့မယ်ဆိုရင် နေရောင်နဲ့ ထိတွေ့နေမယ့် မျက်နှာ၊ လည်ပင်း၊ လက်တွေမှာ Sunscream ကို လိမ်းပေးဖို့ မမေ့ပါနဲ့နော်။
꩜ .ᐟ ဟင်းသီးဟင်းရွက် များများစားပါ။
မင်မင်တို့ လူ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကို သဘာဝအတိုင်း ဖြူစင်ဝင်းပစေတယ်။ အရေးအကြောင်းတွေ ကင်းစေပြီး တင်းရင်းစေတယ်။ ဒါကြောင့် ကျန်းမာပြီး လှပလိုသူတွေအတွက် နေ့စဉ် မဖြစ်မနေ စားပေးသင့်တဲ့ အစာအာဟာရထဲမှာ ဟင်းသီးဟင်းရွက်တွေလည်း ပါဝင်ရပါမယ်ရှင့်။
Crd to google ᯓ♡ #𝖤𝖽𝖾𝗇