𝗧𝗵𝗲 𝗥𝘂𝗻𝗻𝗲𝗿 (𝟮𝟬𝟮𝟲) ဇာတ်လမ်းကတော့ လန်ဒန်မြို့ရဲ့ ထိပ်တန်း… — Bioscope Main Channel — TG.ME

𝗧𝗵𝗲 𝗥𝘂𝗻𝗻𝗲𝗿 (𝟮𝟬𝟮𝟲)

ဇာတ်လမ်းကတော့ လန်ဒန်မြို့ရဲ့ ထိပ်တန်း အမှုလိုက် ရှေ့နေမတစ်ယောက်ဖြစ်တဲ့ Maia Marten ဆီကနေ စတာပါ။

သားဖြစ်သူ Noah နဲ့အတူ အဆင်ပြေနေတဲ့ ဘဝကို တည်ဆောက်ထားတဲ့ မိုင်ယာတစ်ယောက် မနက်ခင်း ပုံမှန်ပြေးနေကျ လမ်းကြောင်းအတိုင်း ပြေးနေတုန်းမှာပဲ ကံကြမ္မာဆိုးကြီး ဝင်ရောက်လာပါတော့တယ်။

အမည်မသိတဲ့ လူတစ်ယောက် ဆီကနေ သူ့ရဲ့ သားလေး ပြန်ပေးဆွဲခံလိုက်ရပြီဖြစ်ကြောင်း ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်လာခဲ့ပါတယ်။

သားဖြစ်သူကို အသက်ရှင်လျက် ပြန်လိုချင်ရင် ပြေးတာကို လုံးဝမရပ်တန့်ဖို့အကျပ်ကိုင် ခြိမ်းခြောက်လာတဲ့အခါ...

ခြိမ်းခြောက်သူက လန်ဒန်မြို့ကြီးရဲ့ လူစည်ကားလှတဲ့ လမ်းမတွေပေါ်မှာ အချိန်နဲ့အပြိုင် အသည်းအသန် ပြေးလွှားစေရင်း...

သားဖြစ်သူရဲ့ အသက်ကို ကယ်တင်ဖို့အတွက် မိခင်တစ်ယောက်ရဲ့ မဆုတ်မနစ်တဲ့ ချစ်ခြင်းမေတ္တာ၊ ခွန်အားတွေကိုမြင်တွေ့ရမယ့် သဲထိတ်ရင်ဖို့ဇာတ်ကားကောင်းလေးပါ...

Channel
အရင်joinပါ
https://t.me/bcenglishmovie
Movie link
https://t.me/bcenglishmovie/123
❤1
September 9, 2026 1.1K 2