Vacational Friends (2021) တစ်နေရာကိုအပန်းဖြေခရီးထွက်လာရင်း… — Bioscope Main Channel — TG.ME

Vacational Friends (2021)

တစ်နေရာကိုအပန်းဖြေခရီးထွက်လာရင်း ဟိုရောက်မှတွေ့တဲ့သူတွေနဲ့အဖွဲ့ကျသွားပြီး ခရီးတစ်လျှောက်လုံးတစ်တွဲတွဲဖြစ်သွား တာမျိုးကြုံဖူးကြလား?Vacational Friendsဆိုတဲ့ဒီဇာတ်ကားထဲမှတော့Marcusနဲ့ Emilyဆိုတဲ့စုံတွဲတစ်တွဲက မက္ကဆီကိုကို အပန်းဖြေခရီးထွက်လာရင်း Ronနဲ့ Kylaဆိုတဲ့စုံတွဲနဲ့အဖွဲ့ကျသွားပါတယ်။ဘယ်လိုမျိုးဖြစ်သွားတယ်ဆိုတာကိုအမြည်းပြောပြရရင်တော့ Marcusက Emilyကိုလက်ထပ်ခွင့်တောင်းမယ်ဆိုပြီး ကြယ်ငါးပွင့်ဟိုတယ်ကြီးက suite roomမှာစပါယ်ရှယ်ပြင်ဆင်ထားတာပါ။ဒါပေမဲ့ရောက်လည်းရောက်သွားရော တစ်ခန်းလုံးရေတွေစိုရွှဲပြီး ပြင်ထားတာတွေလည်းအကုန်ပျက်လို့ လေဆိပ်နားကကြယ်တစ်ပွင့်ဟိုတယ်ကိုပြောင်းရကိန်းဆိုက်လာပါရော။အဲဒီအချိန် Ronနဲ့ Kylaတို့စုံတွဲရောက်လာပြီး သူတို့ရဲ့Presidential Suite roomမှာလာနေပါဆိုပြီး ဇွတ်ခေါ်ရင်းကနေအတူနေဖြစ်သွားကြတယ်ပေါ့။ ခရီးစဉ်တစ်လျှောက်လုံးလည်းအတူသွား အတူစား အတူလျှောက်လည်ဖြစ်ခဲ့ကြပြီး ပြန်ချိန်တန်တော့လည်း လမ်းခွဲပြီးပြန်ခဲ့ကြရတာပေါ့လေဒါပေမဲ့ နောက်ထပ်၇ကြာရောက်ရှိလာပြီးဘာတွေဆက်ဖြစ်မလဲ။

Link👉https://t.me/bcenglishchannel2/2635
September 6, 2026 54