We Are Brothers (2014)
***
အခုတင်ဆက်ပေးသွားမယ့် Movie လေးကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး မင်းသားကြီး Kim Sung-kyun နဲ့ Cho Jin-woong တို့ အပြိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ “We Are Brothers” ဆိုတဲ့ မိသားစုဟာသဒရာမာကားလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ ကွဲကွာသွားခဲ့ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ဆန်းယွန်းနဲ့ ဟာယွန်းတို့ဟာ နှစ်ပေါင်း ၃၀ ကြာပြီးနောက် လူပျောက်ရှာဖွေရေး TV အစီအစဉ်တစ်ခုမှာ ပြန်လည်ဆုံစည်းခဲ့ကြပါတယ်။
မတူညီသူတို့ ပြန်လည်ဆုံတွေ့ပြီးတဲ့နေ့မှာပဲ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ သူတို့အမေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။
ဒါကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ အမေ့ကို အတူတူလိုက်လံရှာဖွေရင်း မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ရယ်စရာအခြေအနေတွေကို ရင်ဆိုင်ကြရင်း
မိသားစုကြားက သံယောဇဉ်၊ ညီအစ်ကိုနှစ်ယောက်ရဲ့ မတူညီတဲ့ဘဝပုံစံတွေနဲ့ ဟာသတွေကို ပေါင်းစပ်ဖော်ပြထားတဲ့ မိသားစုဟာသဒရာမာကားကောင်းလေးတစ်ကား ဖြစ်တာကြောင့် ကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ပါတယ်.....
ကြည့်ရန်👉https://t.me/bckoreachannel/12016
September 5, 2026 3.5K 5

