တစ်ကျော့ပြန်ရင်ခွင်" (2026) ဇာတ်လမ်းအကျဉ်း မိသားစုရဲ့ စားဝတ်နေရေး… — Bioscope Main Channel — TG.ME

"တစ်ကျော့ပြန်ရင်ခွင်" (2026)
ဇာတ်လမ်းအကျဉ်း

မိသားစုရဲ့ စားဝတ်နေရေး တာဝန်တွေကို
တစ်ဦးတည်း ပုခုံးထမ်းထားရတဲ့
ဒါလန်ဟာ အထက်တန်းပြီးချိန်မှာတော့
သူမရဲ့ အဆင့်မြင့်ပညာရေး
အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရပါတယ်

ဘဝပေးအခြေအနေကြောင့်
အလုပ်ရှာရ ခက်ခဲနေခဲ့ပေမဲ့
နောက်ဆုံးမှာတော့ နာမည်ကြီး
ရုပ်သံလွှင့်ကုမ္ပဏီကြီးတစ်ခုမှာ
လုံခြုံရေးဝန်ထမ်းအဖြစ်
အလုပ်ဝင်ခွင့် ရရှိခဲ့ပါတယ်

ဒါပေမဲ့ မထင်မှတ်ထားဘဲ
အဲဒီကုမ္ပဏီရဲ့ CEO က သူမရဲ့
ချစ်သူဟောင်း ရန်စီမန်
ဖြစ်နေခဲ့ပါတယ်

အတိတ်တုန်းက ဖြူစင်တဲ့
ဆယ်ကျော်သက် ချစ်သူတွေ
ဖြစ်ခဲ့ကြပေမဲ့ တစ်ယောက်ပေါ်
တစ်ယောက် ဖုံးကွယ်ထားခဲ့တဲ့
လျှို့ဝှက်ချက်တွေနဲ့ နာကျင်စရာ
နားလည်မှုလွဲမှားခြင်းတွေကြောင့်
လမ်းခွဲခဲ့ကြရသူတွေပါ

ကြီးမားတဲ့ အဆင့်အတန်း
ကွာဟမှုနဲ့ အတားအဆီးတွေကြားက
သူတို့နှစ်ဦးရဲ့ အချစ်ဟောင်းဟာ
တစ်ကျော့ပြန် ပြန်လည်ရှင်သန်
လာနိုင်ပါ့မလား...?

Thai Series Fan (TSF) မှ
ဘာသာပြန်တင်ဆက်သည်။
ကြည့်ရန်👉 https://t.me/bcthaimovie/3412
September 5, 2026 2.7K 1