Bioscope Main Channel: post #17307 — TG.ME

Tamra, the Island (2009)

မှော်ဆရာလေးနဲ့ပင်လယ်နတ်သမီး

ဂျန်ဘော့ဂျင်ဟာ ၁၇ ရာစုနှစ် တမ်ရာကျွန်း (ယခုခေတ်ဂျယ်ဂျူကျွန်း)မှာနေထိုင်တဲ့ ရေငုတ်သမားအမျိုးသမီးတစ်ယောက်ပါ။ တစ်နေ့မှာတော့ ကျွန်းသောင်ပြင်ပေါ်မှာလဲကျနေတဲ့ ရွှေရောင်ဆံပင်နဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရှိခဲ့ပါတယ်။ ထိုသူကတော့ သင်္ဘောပျက်ပြီးကျွန်းပေါ်ရောက်လာတဲ့ဗြိတိန်နိုင်ငံသား ဝီလီယံဆိုသူဖြစ်ပါတယ်။ နောက်ထပ်ပြီး ပတ်ဂယူဆိုသူဟာလည်း တမ်ရာကျွန်းကိုရုပ်ဖြတ်စေလွှတ်ခြင်းခံရလို့ရောက်ရှိလာခဲ့ပါတယ်။တကယ်တော့ ပတ်ဂယူဟာ Seonbi လို့ သိကြတဲ့ တက်သစ်စ အစိုးရအရာရှိတစ်ဦးပါ။ ဒီလူငယ်သုံးယောက်ကြားက သုံးပွင့်ဆိုင်အချစ်အကြောင်းကို ရိုက်ကူးထားတာပါ
ဒီကားထဲမှာပါဝင်တဲ့ တမ်ရာကျွန်းဆိုတာ ယခုခေတ်ဂျယ်ဂျူကျွန်းရဲ့အရင်နာမည်ဟောင်း​ပါ
နောက်တစ်ချက်က ဘော့ဂျင်အဖြစ်သရုပ်ဆောင်တဲ့
မင်းသမီး Seo Woo ဟာ ဒီဇာတ်ကားမရိုက်ခင် က ရေမကူးတတ်ပါဘူးတဲ့ ဒါကြောင့်  သူဟာ ဒီဇာတ်ရုပ်အတွက်၃လအတွင်းလေ့ကျင့်ယူခဲ့ရပါတယ်တဲ့။

ငယ်ငယ်က MWD မှာ ကျောင်းအပြန် 7 နာရီ စောင့်ကြည့်ခဲ့ရတဲ့ကားလေးမို့ ဇာတ်ကားလေးကြည့်ရင်း ငယ်ဘဝဆီပြန်သွားလိုက်ကြအောင်
ကြည့်ရန်👉 https://t.me/bckoreachannel/11948
❤1