"အချစ်ကျွန်းပေါ်ကရင်ခုန်သံ" (2026)
ဇာတ်လမ်းအကျဉ်း
ကိုယ့်ဘဝကို စိတ်ကြိုက်ပုံဖော်ချင်တဲ့
နာမည်ကြီး YouTuber မလေး ဖရယ်ဝါဟာ
မိသားစုက အတင်းအကျပ် စီစဉ်ပေးတဲ့
လက်ထပ်ပွဲကနေ ထွက်ပြေးလာခဲ့ပါတယ်။
သူမရဲ့ ရည်ရွယ်ချက်က လွတ်မြောက်ဖို့
သက်သက်တင် မဟုတ်ဘဲ၊ လွန်ခဲ့တဲ့
နှစ်တွေကတည်းက ပျောက်ဆုံးနေခဲ့တဲ့
မိဘတွေနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ
ကိုပါ လိုက်လံရှာဖွေချင်နေတာပါ။
ဒီလိုနဲ့ လျှို့ဝှက်ချက်တွေ အပြည့်နဲ့
ကျိန်စာသင့်နေတဲ့ ကပ္ပတိန် ချလမ်ရဲ့
သင်္ဘောပေါ်ကို မမျှော်လင့်ဘဲ
ခိုးလိုက်လာမိရာကနေ
ဇာတ်လမ်းစတင်ပါတော့တယ်။
ရေနတ်ဘုရားဆီကနေ ဆုတစ်ခု
တောင်းခွင့်ရမယ့် ဒဏ္ဍာရီလာ
'ပတ္တမြားနက်မျက်နှာဖုံး' ကို
အပြိုင်အဆိုင် ရှာဖွေရင်း သူတို့
နှစ်ယောက်ရဲ့ ကံကြမ္မာတွေ
ဆက်စပ်လာတဲ့အခါ...
စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းတွေနဲ့
အလွဲတွေကြားကနေ အချစ်ကျွန်း
ပေါ်က ရင်ခုန်သံတွေ ဘယ်လို
ပေါက်ဖွားလာမလဲဆိုတာကို
ရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် Fantasy
Rom-Com ဇာတ်လမ်းကောင်း
တစ်ခုပဲ ဖြစ်ပါတယ်။
Thai Series Fan (TSF) မှ
ဘာသာပြန်တင်ဆက်သည်။
ကြည့်ရန်👉 https://t.me/bcthaimovie/3378
Ep 2👉 https://t.me/bcthaimovie/3382

August 27, 2026 520 1