Sammy's Children's Day စဆုံး: post #8240 — TG.ME

🎬 အာဏာနဲ့ လောဘအတွက် အရာအားလုံးကို ရင်းမယ့်သူနဲ့ သူ့ကိုတားဆီးမယ့် အစိုးရရှေ့နေ - Made in Korea Season 2

​ဒီကားလေးကတော့ ကြီးမားတဲ့ ဓနဥစ္စာနဲ့ အာဏာကို ရယူချင်တဲ့ ရည်မှန်းချက်တွေကြောင့် ဘာမဆိုလုပ်ရဲတဲ့ အမျိုးသားတစ်ယောက်နဲ့ သူ့ကို တားဆီးဖို့အတွက် ကိုယ့်ဘဝကိုပါ အရင်းအနှီးပြုပြီး ရင်ဆိုင်မယ့် အစိုးရရှေ့နေတစ်ယောက်တို့ကြားက အကြိတ်အနယ် အားပြိုင်မှုတွေကို ရိုက်ကူးထားတာပါ။

​မတည်ငြိမ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ခေတ်စနစ်ကြီးရဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာတွေ ဘယ်လိုဆုံမှတ်ကျပြီး အသက်လုတိုက်ပွဲဝင်ကြမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
​အက်ရှင်ခန်းတွေ၊ နိုင်ငံရေး လှည့်ကွက်တွေနဲ့ လူ့သဘာဝရဲ့ လောဘတွေကို အကောင်းဆုံး ပုံဖော်ထားပြီး ဇာတ်ရှိန်အပြည့်နဲ့ ဆွဲခေါ်သွားမယ့် ကားကောင်းလေးမို့ Crime / Thriller အမျိုးအစား ကြိုက်နှစ်သက်သူတွေအတွက် အထူးသင့်လျော်တဲ့ ဇာတ်ကားကြီးတစ်ခုပဲ ဖြစ်ပါတယ်။

စုစုပေါင်း (၆) ပိုင်းပါဝင်မှာဖြစ်ပြီး စက်တင်ဘာလ (၉) ရက်နေ့မှာကြည့်ရမှာဖြစ်ပါတယ်။

Join Channel -
https://t.me/kdramaheaven220/19122

S1 -
https://t.me/+sAyIZVJYK3c3NmU1
❤1