Sammy's Children's Day စဆုံး: post #8233 — TG.ME

🎬 ဘုရင်ကို ကြိုးကိုင်ဖို့အတွက် မိန်းမပျို (၁၀,၀၀၀) ကို ဆက်သခဲ့တဲ့ နန်းတွင်းလုပ်ကြံမှု

The Treacherous (2015)
====================

​ဂျိုဆွန်းသမိုင်းမှာ အရက်စက်ဆုံးလို့ နာမည်ကြီးတဲ့ ဘုရင် ယွန်းဆန်းဂန်း လက်ထက်မှာ အာဏာကို လိုချင်နေတဲ့ သားအဖနှစ်ယောက်က ဘုရင်ရဲ့ ကာမရာဂစိတ်ကို အသုံးချဖို့ အကြံအစည် တစ်ခုကို စတင်ခဲ့ပါတယ်။ အဲဒါကတော့ တစ်နိုင်ငံလုံးက အလှဆုံး မိန်းမပျို (၁၀,၀၀၀) ကို နန်းတွင်းထဲ အတင်းအဓမ္မ ခေါ်ဆောင်ပြီး ဘုရင်ကို ဆက်သဖို့ပါပဲ။

​ဒီမိန်းမလှလေးတွေထဲမှာ မိသားစုအတွက် ကလဲ့စားချေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်လာတဲ့ ဒန်ဟီး ဆိုတဲ့ မိန်းကလေးတစ်ယောက် ပါဝင်လာတဲ့အခါမှာတော့ သူတို့ရဲ့ လျှို့ဝှက်အကြံအစည်တွေဟာ ထင်သလို ဖြစ်မလာတော့ပါဘူး။

အာဏာ၊ တပ်မက်မှု၊ လှည့်စားမှုနဲ့ သစ္စာဖောက်မှုတွေ ပြည့်နှက်နေတဲ့ နန်းတွင်းရေးကို အသည်းယားဖွယ် ရိုက်ကူးထားတာပါ။ ​မင်းသား Ju Ji-hoon နဲ့  Kim Kang-woo တို့အပြင်၊ မင်းသမီး Lim Ji-yeon နဲ့  Lee Yoo-young တို့လည်း အားဖြည့်ပါဝင်ထားပါတယ်။

Tele Link>>>>
https://t.me/KDramaWorld2026/6475
❤4