The Second Child (2026)
=====================
အစ်မဖြစ်သူ သေကြောင်းကြံတာကို ဝင်တားရင်း ခေါင်မိုးပေါ်ကနေ အတူတူ ပြုတ်ကျသွားခဲ့တဲ့ ဆူအန်း ဟာ (၃) နှစ်အကြာမှာ သတိပြန်ရလာပါတယ်။ ဒါပေမဲ့ သတိရလာချိန်မှာတော့ သူမရဲ့ အစ်မဖြစ်သူက ဒီလောကမှာ မရှိတော့ပါဘူး။
ဝမ်းနည်းဖို့တောင် အချိန်မရလိုက်ခင်မှာပဲ အစ်မဖြစ်သူနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ ကောင်မလေးတစ်ယောက် သူတို့ရှေ့ကို ရုတ်တရက် ရောက်လာပါတယ်။ တစ်ချိန်တည်းမှာပဲ မိခင်ဖြစ်သူကလည်း တစ်စုံတစ်ခုကို ထိတ်လန့်တကြား ဖုံးကွယ်ထားသလို အမူအရာတွေ သိသိသာသာ ထူးဆန်းလာပါတော့တယ်။
ဒီဖြစ်ရပ်တွေကြားမှာ ဆူအန်း ခေါင်းထဲ ချက်ချင်း ပြေးမြင်မိလိုက်တာက အစ်မဖြစ်သူ အမြဲဖတ်ပြလေ့ရှိတဲ့ "အရိပ်ကြီးနဲ့ ကလေးနှစ်ယောက်" ပုံပြင်ထဲက စာသားတွေပါ။
"ငါလည်း နင်တို့လို နေချင်တယ်.. နင်တို့မှာ ခန္ဓာကိုယ် ၂ ခု ရှိတော့ ငါ့ကို ၁ ခု ပေး.. ငါနဲ့ လဲကြမယ်..."
ရုပ်ချင်းတူတဲ့ ဒီကောင်မလေးက တကယ်ပဲ ဘယ်သူလဲ။ မိခင်ဖြစ်သူ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကရော ဘာလဲဆိုတာကို အစအဆုံး ဆွဲခေါ်သွားမယ့် ဇာတ်ကားပါ။
Tele Link>>>>https://t.me/lovenextdoor88/16398
