Sammy's Children's Day စဆုံး: post #8205 — TG.ME

⚖️ Innocent Defendant (2017) ⚖️
===========================

​"မနေ့ကအထိ အမှုမှန်ဖော်ထုတ်တဲ့ အစိုးရရှေ့နေ... ဒီနေ့မနက် နိုးလာတော့ ဇနီးနဲ့သမီးကို သတ်တဲ့ သေဒဏ်ကျ အကျဉ်းသား 🔪"

​ဆိုးလ်မြို့တော်ရဲ့ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ အစိုးရရှေ့နေ Park Jung-woo (Ji Sung)...။
တစ်ည အိပ်ရာနိုးလာတဲ့အချိန်မှာတော့ သူ့ကိုယ်သူ ထောင်ထဲရောက်နေပြီး လွန်ခဲ့တဲ့ (၄) လက မှတ်ဉာဏ်တွေ အကုန်ပျောက်ဆုံးနေပါတယ်။
​ပိုဆိုးတာက သူဟာ သူ့ရဲ့ ချစ်လှစွာသော ဇနီးနဲ့ သမီးကို သတ်ဖြတ်မှုနဲ့ "သေဒဏ်" ချမှတ်ခံထားရသူ ဖြစ်နေတာပါပဲ။
​ဒါဟာ မတော်တဆလား၊ လုပ်ကြံခံရတာလား? ပျောက်ဆုံးနေတဲ့ (၄) လတာ အမှတ်ဉာဏ်ကို ပြန်ရှာပြီး... သူ့ကို ဒီလိုအခြေအနေရောက်အောင် လုပ်ခဲ့တဲ့ တရားခံအစစ်ကို ထောင်ထဲကနေ ဘယ်လို လက်တုံ့ပြန်မလဲ?
​တရားခံအစစ်ဖြစ်တဲ့ Villain လူကြမ်း Cha Min-ho (Uhm Ki-joon) ရဲ့ ယုတ်မာမှုတွေနဲ့ ရှေ့နေကြီးရဲ့ ဉာဏ်ရည်ပြိုင်ပွဲ...။
​အပိုင်းတိုင်း ရင်တမမနဲ့ ကြည့်ရမယ့် Legal Thriller ဇာတ်ကားကောင်း 🎞
အခုပဲ ကြည့်ရှုလိုက်ပါ...။

Tele Link>>>>
https://t.me/KoreaActionSeries2025/11626