Sammy's Children's Day စဆုံး: post #8184 — TG.ME

🔥 အချစ်နဲ့ ရမ္မက်ကို အသုံးချကစားမယ့် ဂျိုဆွန်းခေတ်က အန္တရာယ်များတဲ့ ကစားပွဲ " The Scandal "🔥

​ဂျိုဆွန်ခေတ်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို အံတုပြီး စတင်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဉာဏ်များတဲ့ အထက်တန်းလွှာ သခင်မ 'ချို' ဟာ မိန်းကလေးတွေကို မြှူဆွယ်ရာမှာ နာမည်ကြီးတဲ့ 'ချိုဝန်' ကို စိန်ခေါ်မှုတစ်ခု လုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ခင်ပွန်းသေဆုံးပြီးနောက် သီလစောင့်ထိန်းနေတဲ့ မုဆိုးမလေး 'ဟီယွန်း' ရဲ့ အချစ်ကို အရယူဖို့ပါပဲ။
​အပျင်းပြေ စတင်ခဲ့တဲ့ ဒီမြှူဆွယ်မှု ကစားပွဲမှာ မထင်မှတ်ဘဲ အစစ်အမှန် ခံစားချက်တွေ ဝင်လာတဲ့အခါ...

အသုံးချချင်တဲ့စိတ်၊ တပ်မက်မှု၊ မာနနဲ့ အားနည်းချက်တွေကြားမှာ သူတို့သုံးယောက် ဘယ်လို ဆက်လက် ရုန်းကန်ရမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။

စုစုပေါင်း (၈) ပိုင်းပါဝင်မှာဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ Netflix မှာ အစအဆုံး တစ်ထိုင်တည်းကြည့်ရမှာဖြစ်ပါတယ်။

နာမည်ကြီး ပြင်သစ်ဝတ္ထု "Dangerous Liaisons" ကို အခြေခံပြီး ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကိုရီးယားရုပ်ရှင် "Untold Scandal" ကို Series အနေနဲ့ ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။

🎬 -
https://t.me/kdramaheaven220/19443
❤3