ဒီလထဲလာမယ့် Spooky in Love ရဲ့ မူရင်းဗားရှင်း 🎬 Spellbound (2011)… — Sammy's Children's Day စဆုံး — TG.ME

ဒီလထဲလာမယ့် Spooky in Love ရဲ့ မူရင်းဗားရှင်း 🎬

Spellbound (2011)
===============

ယောရီဟာ မတော်တဆမှုတစ်ခုဖြစ်ပြီးကတည်းက သရဲတွေကို မြင်တွေ့နိုင်တဲ့ စွမ်းရည်ရလာခဲ့ပါတယ်။ သူနဲ့နီးစပ်တဲ့သူတိုင်း သရဲတွေရဲ့ နှောင့်ယှက်မှုကို ခံရတတ်တဲ့အတွက် တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်နေရသူပါ။
​တစ်နေ့မှာတော့ မျက်လှည့်ဆရာ ဂျိုဂူဟာ ယောရီရဲ့ ထူးခြားပြီး မှုန်ကုပ်ကုပ်နိုင်တဲ့ အငွေ့အသက်ကို သဘောကျသွားကာ သူ့ရဲ့ သရဲမျက်လှည့်ပြပွဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူတို့နှစ်ယောက် အတူအလုပ်လုပ်ရင်း သံယောဇဉ်ဖြစ်ပြီး နီးစပ်လာကြတဲ့အခါမှာတော့ ယောရီကို အမြဲလိုက်နှောင့်ယှက်နေတဲ့ သရဲမက ဂျိုဂူကိုပါ ခြောက်လှန့်လာပါတော့တယ်။
​သရဲအရမ်းကြောက်တတ်တဲ့သူနဲ့ သရဲအမြဲမြင်ရပြီး ဒုက္ခရောက်နေတဲ့သူတို့ကြားက အချစ်ဇာတ်လမ်းကို ကြောက်စရာကောင်းအောင်၊ ရယ်ရအောင်နဲ့ ရိုမန်တစ်ဆန်အောင် အချိုးကျကျ ရိုက်ကူးပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Tele Link>>>>
https://t.me/KDramaWorld2026/5734
❤1
August 25, 2026 804 4