တူဘား (Sammo Hung) ဆိုတာ ရဲတပ်ဖွဲ့ရဲ့ တီးဝိုင်းမှာ တူဘားခရာမှုတ်ပြီး အေးအေးဆေးဆေး နေချင်တဲ့ သတ္တိကြောင်ကြောင် ရဲဘော်တစ်ယောက်ပါ။ သတ္တိမရှိပေမဲ့လည်း ကံကြမ္မာအလှည့်အပြောင်းကြောင့် စုံထောက် အာချောင် (David Chiang) နဲ့အတူ အမှုတစ်ခုမှာ ပူးပေါင်းပါဝင်ဖို့ ဖြစ်လာခဲ့ပါတယ်။
အာချောင်ဟာ ရာဇဝတ်ဂိုဏ်းကို စုံစမ်းရင်း အသတ်ခံလိုက်ရပြီး မသေခင်မှာ တူဘားကို သူ့အတွက် ကလဲ့စားချေပေးဖို့ သစ္စာကတိတောင်းခံခဲ့ပါတယ်။ တူဘားကလည်း ကြောက်ကြောက်နဲ့ပဲ ကတိပေးလိုက်ရပါတယ်။ ဒါပေမဲ့ အာချောင်သေသွားပြီးတဲ့နောက် တူဘားက ဒီကတိကို မေ့ပစ်ဖို့ကြိုးစားပေမဲ့ အာချောင်ရဲ့ ဝိညာဉ်ဟာ ငြိမ်ငြိမ်
မနေဘဲ တူဘားနောက်ကို တကောက်ကောက်လိုက်ပြီး ကတိအတိုင်း ကလဲ့စားချေပေးဖို့ အမျိုးမျိုး ခြောက်လှန့် ဖိအားပေးပါတော့တယ်။တစ်ဖက်မှာလည်း တူဘားဟာ ရဲအရာရှိသစ် ချောင် (Jacky Cheung)၊ ချစ်သူ မေ (Joey Wong) တို့နဲ့အတူ ရာဇဝတ်ဂိုဏ်းကို ဖော်ထုတ်ဖို့ ကြိုးစားရရင်း ကမောက်ကမတွေ ဖြစ်လာတဲ့အခါ...
Where's Officer Tuba 1986
Channel လေးတွေ အရင် Join ပေးပါနော်
https://t.me/addlist/QywZs-GaaIo3NjVl
ဇာတ်ကားကြည့်ရန်လင့်
https://t.me/MrVampireLch/8014
















