ကျနော်တို့ Documentary Page ထဲမှ ညီကိုမောင်နှမများ ဘေးကင်းကြရဲ့လားဗျ။… — Documentary — TG.ME

ကျနော်တို့ Documentary Page ထဲမှ ညီကိုမောင်နှမများ ဘေးကင်းကြရဲ့လားဗျ။ ဘေးကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။ 2018 တုန်းက တင်ခဲ့တဲ့ မူလပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။ ခုတလော ငလျင်တွေ ခဏ ခဏ လှုပ်လာတာတွေ့တော့ အိပ်ပျော်နေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြီး အသက်ဝင် နိုးထလာပြီလားလို့ စိုးရိမ်နေမိတယ်။ human made တွေကြောင့်မဟုတ်တဲ့ သဘာဝငလျင်တွေဖြစ်လာမှုကို ပြန်ကြည့်ရင် ကမ္ဘာတိုက်ကြီးတွေဟာရွေ့လျားနေကြတဲ့ plate လိုခေါ်တဲ့ ကျောက်လွှာထု ကြီးတွေနဲ့ ဖွဲ့စည်းထားကြပါတယ်။ ဒီကျောက်လွှာကြီးတွေ ထိဆက်ထားတဲ့ join နေရာတွေဟာ fault လိုခေါ်တဲ့ ပြတ်ရွေ့ကြီးတွေ ဖြစ်လာကြပါတယ်။ ဒီ fault တွေ ပုံမှန်ရွေ့နေရာကနေ ရပ်ဆိုင်းခဲ့ရင်ဖြစ်ဖြစ်၊ ပုံမှန် မရွေ့တော့ရင်ဖြစ်ဖြစ် ကျောက်လွှာအံချော် slip ပြင်းထန်စွာ ဖြစ်ကြပါတယ်။ အဲ့အခါမှာ ပြင်းထန်တဲ့ ငလျင်ကြီးတွေဖြစ်လာကြပါတယ်။ မြန်မာနိုင်ငံဟာ India plate နဲ့ Eurasian plate နှစ်ခု တေ့ဆက်ထားရာ နေရာပေါ်မှာ ဖြစ်တည်နေတာပါ။ ဒီကျောက်လွှာထု plate ကြီး နှစ်ခု တေ့ဆက်ထားခြင်းကြောင့် စစ်ကိုင်း fault လို့ခေါ်တဲ့ ပြတ်ရွေ့ကြီး ဖြစ်ပေါ်လာပါတယ်။ မြန်မာပြည်မှာ အဓိကအားဖြင့် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊ ရွှေတြိဂံပြတ်ရွေ့ ၊ မိုးမိတ်ပြတ်ရွေ့၊ ချင်းတွင်းပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့ စတဲ့ ပြတ်ရွေ့ တွေရှိတဲ့ အထဲမှာမှ စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားပါတယ်။ ဒီစစ်ကိုင်းပြတ်ရွေ့ကို ၁၉၆၀ လောက်က စစ်ကိုင်းမှာပဲ ပညာရှင်တွေ စတင်လေ့လာချိန်မှာ သာမန် fault အသေးလေးဖြစ်နိုင်တယ်လို့ စတင်ခန့်မှန်ခဲ့ပြီးမှ ၁၉၆၉ လောက်မှာ အမေရိကန်က ဘူမိဗေဒနဲ့ ဒေါက်တာဘွဲ့ရယူလာတဲ့ ဒေါက်တာ ဦးဝင်းဆွေတို့ သေချာ သုသေတနပြုပြီးတဲ့ အချိန်မှာ ဒီစစ်ကိုင်းပြတ်ရွေ့ဟာ ကီလိုမီတာ ၁၀၀၀ ကျော်ရှည်လျားပြီး မြန်မာနိုင်ငံကို တောင်နဲ့မြောက် လားရာအတိုင်း အလယ်က ပိုင်းထားပြီး မြောက်ဘက် တိဘက် ကုန်းမြင့် ဟူးကောင်းချိုင့်ထဲဝင်ပြီးအိန္ဒိယထိရှည်လျားကာ မြန်မာနိုင်ငံထဲ တောက်လျောက်ဝင်လာပြီး မိုးကောင်း မိုးမိတ် စစ်ကိုင်း အင်းဝ မန္တလေး ပျော်ဘွယ် မိတ္တိလာ မြစ်သား တောင်ငူ ပဲခူး သုံးခွ စတဲ့ မြို့ကြီးတွေကိုဖြတ်ပြီး မြစ်ဝကျွန်းပေါ်ကနေ တောင်ဘက် ကပ္ပလီပင်လယ် အိန္ဒိယ သမုဒ္ဒရာထဲ စိုက်ဝင်သွားပါတယ်တဲ့။ တနှစ်ပျမ်းမျှ ၁၈.၅ မီလီမီတာ ရွေ့လျားနေတဲ့ ကြီးမားလှတဲ့ သက်ရှိပြက်ရွေ့ကြီးဖြစ်နေတာကို သိရပါတော့တယ်။ (မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကြီးမားလှတဲ့ ပုဂံငလျင် အင်းဝငလျင် ပဲခူးငလျင် စတဲ့ ငလျင်ကြီးအားလုံးဟာ ဒီစစ်ကိုင်းပြတ်ရွေ့ကြောင့်ပဲဆိုတာပါသိခဲ့ရပါတယ်) ဒီလားရာ တနည်းအားဖြင့် ဆိုရရင် မြန်မာနိုင်ငံဟာတောင်ဘက်ကို အမြဲရွေ့လျားနေတဲ့ India plate နဲ့မြောက်ဘက်လားရာအတိုင်း ရွေ့လျားနေတဲ့ Eurasian plate ကျောက်လွှာချပ်ကြီး နှစ်ခု ကို ဘေးချင်းကပ်ထားတာနဲ့တူပါတယ်။ ( နောက်နှစ်သန်းပေါင်းတချို့မှာ မြန်မာနိုင်ငံဟာ တောင်မြောက်လားရာအတိုင်း နှစ်ခြမ်းကွဲသွားမယ်လို့ ပညာရှင်တွေ ခန့်မှန်းထားကြပါတယ်။ ၂၀၀၄ က ဖြစ်သွားတဲ့ ကမ္ဘာကျော်ဆူနာမီ ဟာ ပင်လယ်ပြင်အောက်ထိဆက်နေတဲ့ ပျော့တဲ့ India plate ဟာ မာတဲ့ Eurasian plate အောက်စိုက်ဝင်သွားရာကနေဖြစ်လာတာပါ) ဒီကျောက်လွှာကြီးနှစ်ချပ်ဟာ တေ့ဆက်ထားရာကနေ ပုံမှန်မဟုတ်ပဲ တခုကတောင်ဘက်ကိုရွေ့၊ တခုက မြောက်ဘက်ကိုရွေ့တဲ့အခါကျောက်လွှာအံချော်မှု slip ဖြစ်ပါတယ်။ ဒီအခါမှာ မြန်မာနိုင်ငံမှာ ငလျင်ကြီးတွေဖြစ်လာပါတယ်။ (ကျောက်လွှာကြီးတွေအံချော် slip ဖြစ်မှုကြီးရင်ကြီးသလို ဖြစ်ပွားရာ မြေတွင်းအနက် တိမ်ရင်တိမ်သလို ငလျင်တွေ ပိုပြင်းထန်ကြပါတယ်) စစ်ကိုင်း faultဟာနှစ် ရှစ်ဆယ်က နေတစ်ရာကြား ပြည့်တိုင်းမှာအမြဲ ပြင်းထန်တဲ့ slipဖြစ်မှုနဲ့ အတူ ငလျင်ကြီးတွေ တကြိမ်ဖြစ်တတ်ပါတယ်။ သဘောက နှစ်တစ်ရာပြည့်တိုင်း ပြင်ထန်တဲ့ ငလျင် တကြိမ်ဖြစ်တတ်ပါတယ်။ သာဓကဆိုရလျှင် အထောက်အထားတွေအရ 1830 မှာ ဒီစစ်ကိုင်းပြတ်ရွေ့ကြောင့် ပဲခူးမှာ ငလျင်အကြီးကြီးလှုပ်ပြီးနောက်၊ 1930 ပဲခူးရွှေမော်ဓော စေတီကြီး စိန်ဖူးတော်မြေခတဲ့ ငလျင်ကြီးထပ်လှုပ်ပါတယ်။ ခုဆို ဒီပြတ်ရွေ့မှာ ငလျင်ကြီး မလှုပ်တာ နှစ် ၈၀ နဲ့ ၉၀ ကြားရှိခဲ့ပါပြီ။ ဒါကြောင့် ဒီပြတ်ရွေ့ဟာ နောက်တခါ ငလျင်ကြီးတွေထပ်လှုပ်လာနိုင်ပါတယ်။ (ငလျင် သဘောကလဲ ပြင်းထန်တဲ့ ငလျင်ကြီးတွေ မလာခင် (လာပြီးချိန်တွေမှာရော) ငလျင်သေး၂လေးတွေ ရာထောင်ချီ အရင်လှုပ်ပါတယ်။ သာမန်အတိုင်းဆို တုန်ခါမှုကို မသိနိုင်ပါဘူး။ ငလျင်တိုင်းစက်နဲ့ ဆိုရင်တော့သိပါတယ်။ ခု သူ ငြိမ်နေတာ နှစ် ကိုးဆယ်ထဲ ဝင်လာပြီ၊ ခဏ ခဏ လဲ လှုပ်လာပြီ၊ အားလုံး သတိရှိနေစေချင်မိတယ်ရှင့်။

March 29, 2025 4.1K 6