𝖶𝖾𝗇𝖽𝖾𝗅𝗅 𝖺𝗇𝖽 𝖶𝗂𝗅𝖽 [2022] Review 📃 မိဘတွေ… — 🍄 Myanmar Disney Cartoon 🍄 — TG.ME

𝖶𝖾𝗇𝖽𝖾𝗅𝗅 𝖺𝗇𝖽 𝖶𝗂𝗅𝖽 [2022]

Review 📃

မိဘတွေ ကိုယ့်မျက်စိရှေ့တင်ဆုံးပါးသွားတာကို မြင်ခဲ့ရတဲ့ ကတ် ဆိုတဲ့ကလေးမလေးကို ကက်သလစ်‌ ကျောင်းအုပ် ဖာသာတစ်ယောက်ကသူ့ကျောင်းမှာခေါ်ထားလိုက်ပါတယ်။

ကတ်မှာ အနာဂတ်ကိုကြိုမြင်ရသလိုမျိုး စွမ်းအားတစ်ခုရှိကြောင်းကိုလည်း သူကျောင်းရောက်ရောက်ချင်းမှပဲ သတိထားမိသွားခဲ့ပါတယ်။  တစ်ချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနေတဲ့မြေအောက်ကမ္ဘာမှာ ဝန်ဒဲလ် နဲ့ ဝိုင်းလ် ဆိုတဲ့မကောင်းဆိုးဝါးနှစ်ကောင်ရှိတာပေါ့။

သူတို့က ငရဲအပျိုစင်ဆိုတဲ့အရာကိုလိုချင်နေကြတာ၊ အဲဒါကိုရရင်သူတို့ဆန္ဒပြည့်ဝမှာဖြစ်တဲ့အတွက် အရမ်းလိုချင်နေကြတာ။

အဲဒါနဲ့ သူတို့နှစ်ယောက်က ကတ်အကြောင်းကိုသိသွားပြီး သူတို့ကို ငရဲအပျိုစင်ရအောင်လုပ်ပေးရင် ကတ်ရဲ့မိဘတွေကိုပြန်ရှင်အောင်လုပ်ပေးမယ်ဆိုပြီးကတ်ကို အိပ်မက်သွားပေးသွားပြီး ကတ်ကိုစည်းရုံးတာပေါ့၊
ဒီလောက်ဆို ဘာဆက်ဖြစ်မလဲသိချင်သွားလောက်ပြီဆိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုပေးလိုက်ကြပါဦး။
❤4👍1
August 20, 2026 1.3K 1