Dhamma Memory: post #640 — TG.ME

🙏 သုတဓမ္မ ဖြေဆိုကြမည့် 🙏 ဓမ္မမိတ်ဆွေများအတွက် 📣 Dhamma Memory 👉 စာအုပ်များအကြောင်း(၂) #ပညာဘူမိတက္ကသိုလ် #သုတဓမ္မဒီပလိုမာတန်း Level (1), Level (2), Level (3) စာမေးပွဲများ နှင့် #သုတဓမ္မဂဝေသီ BA တန်း Part (1), Part (2), Part (3) စာမေးပွဲများအား ✍️ ကိုယ့်အားကိုယ်ကိုး ကျက်မှတ်ဖြေဆိုလို သူများအတွက် 👉 Dhamma Memory မှ (၁) မှတ်စု (၂) သိထားစရာ မေး-ဖြေ (၃) မေးခွန်းဟောင်း-အဖြေများ (၄) လေ့ကျင့်စရာ မေးခွန်းလွှာ ဟူ၍ (၄)မျိုးတစ်စုံ စာအုပ်များ ပြုလုပ်ပေးထားပါသည်။ (၂) သိထားစရာ မေး-ဖြေ (တရား(၅)ပုဒ်၏ အမေးအဖြေများ) 👉 တရားတော်များကို အမေးအဖြေပုံစံများဖြင့် မေးပြ-ဖြေပြထားပါသည်။ 👉 မှတ်စုစာအုပ်ဖြင့် တရားတစ်ပုဒ် ကျက်မှတ်ပြီး စာရပြီဟု ထင်ပါက သိထားစရာ မေး-ဖြေ စာအုပ် ဖွင့်၍ မေးခွန်းများကို ဖြေဆိုကြည့်ရန်ဖြစ်သည်။ 👉 အဖြေများကို စာရွက်ဖြင့် ဖုံးအုပ်လေ့ကျင့်ပါ။ 👉 တစ်ပုဒ်ပြီး တစ်ပုဒ် ဖြေဆို လေ့ကျင့်ပြီး (၉၀) ရာနှုန်းခန့် မှန်မှသာ နောက်တရားတစ်ပုဒ်ကို ထပ်မံကျက်မှတ်ပါ။ 📣 (အမေးအဖြေများကို အလွတ်ကျက်ရန် မဟုတ်ပါ) 📣 (မေးခွန်းသဘောသိရန် နမူနာပြထားခြင်းသာဖြစ်၍ စာမေးပွဲတွင် ဒီအတိုင်း မေးမည်မဟုတ်ပါ) 📚 အခြားစာအုပ် (၂)မျိုးနှင့် ဆက်စပ်အသုံးပြုပုံများ ကို ထပ်မံရေးတင်ပေးပါမည်။ 🙏 ဓမ္မမိတ်ဆွေအပေါင်း ငြိမ်းချမ်းသာယာကြပါစေ။

❤5
March 5, 2026 1.5K