ဘယ်တော့မှ မင်းကို မပြောပြဖြစ်တော့မယ့် စိတ်ကူးလေးတွေပေါ့... ဖုန်းထဲကနေပဲ မဟုတ်ဘဲ မင်းအိပ်ပျော်သွားတဲ့အထိ ဘေးနားမှာ ထိုင်ပြီး ဆံပင်လေးတွေ သပ်ပေးချင်ခဲ့တဲ့ ညတွေဟာ တကယ်ရှိခဲ့ဖူးတယ်။ မင်းရှိတဲ့ မြို့ရဲ့ ရာသီဥတုကို ခဏခဏ ဝင်ကြည့်ပြီး မိုးရွာရင် ထီးပါသွားရဲ့လား စိတ်ပူခဲ့ရတဲ့ နေ့ရက်တွေ . . . ဖုန်းတွေ ပူလာတဲ့အထိ video callပြောရင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အတူတူ စားချင်ခဲ့တဲ့ နေ့လယ်စာဝိုင်းတွေ . . . လိုင်းမကောင်းလို့ ပြတ်တောက်သွားတဲ့ မင်းရဲ့ ရယ်သံလေးတွေကို စိတ်ရှည်လက်ရှည်နဲ့ တစ်ညလုံး နားထောင်ပေးချင်ခဲ့တဲ့ ဆန္ဒတွေ... တကယ်ရှိခဲ့တယ်။ မင်းမသိအောင် ဖုန်းထဲမှာ သိမ်းထားတဲ့ ဓာတ်ပုံလေးတွေကို ပြန်ပြန်ကြည့်ပြီး မက်ခဲ့ရတဲ့ အိပ်မက်တွေ။ မင်းဆီက ဖုန်းလာရင် ဝမ်းသာသွားတာကို မသိသာအောင် အေးဆေးပဲ ထူးခဲ့ရတဲ့ အချိန်တွေ။ မင်းနေမကောင်းလို့ အဝေးကနေ စာလေးတစ်ကြောင်းပဲ ပို့ပြီး ဘာမှလုပ်မပေးနိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ တွေးမိခဲ့တာကအစ... မင်းဘေးနားမှာ ကိုယ်တိုင် ရှိမနေပေးနိုင်တဲ့ အကွာအဝေးတွေကို တစ်ယောက်တည်း တိတ်တိတ်လေး မုန်းနေခဲ့တာ။ #austin
ဘယ်တော့မှ မင်းကို မပြောပြဖြစ်တော့မယ့် စိတ်ကူးလေးတွေပေါ့… — 🥀𝐷𝑒𝑎𝑑🥀 — TG.ME
July 13, 2026 78 2