နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တူဗာပြည်နယ် ကီးဇီးလ်မြို့ရှိ အထင်ကရနေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို့ လေ့လာကြည့်ရှု
ရုရှားဖက်ဒရေးရှင်နိုင်ငံသို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့(သြဂုတ် ၂၃ ရက်)ဒေသစံတော်ချိန် နံနက်ပိုင်းတွင် တူဗာပြည်နယ် ကီးဇီးလ်မြိုရှိ အထင်ကရ နေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို့ လေ့လာကြည့်ရှုခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်၏ မြိုတော် ကီဇီးလ်မြို့ (Kyzyl) တွင် တည်ရှိသော အာရှတိုက်ကြီးတစ်ခုလုံး၏ အလယ်ဗဟိုချက်ကျရာနေရာကို အထိမ်းအမှတ်ပြုထုဆစ်ထားသည့်အာရှတိုက်၏ ပထဝီဝင်ဗဟိုချက်မ အထိမ်းအမှတ်ကျောက်တိုင်တည်ရှိရာနေရာ နှင့် တူဗာပြည်နယ်၏ မြို့တော် ကီဇီးလ်မြို့အမျိုးသားတေးဂီတနှင့် ပြဇာတ်ရုံသို သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ခရီးစဉ်တွင် လိုက်ပါခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
PPIB
KT August 23



















