အမြဲတမ်း ပုံပြင်တွေ ပြောပြလေ့ရှိတဲ့ အဖွားဖြစ်သူ ကွယ်လွန်သွားပြီးနောက် အဖိုးဖြစ်သူရဲ့အိမ်မှာ လာရောက်ညအိပ်ကြတဲ့ ကလေးသုံးယောက်အကြောင်းကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။ အဖွားမရှိတော့တဲ့အတွက် အိမ်ကလေးဟာ ခြောက်ကပ်တိတ်ဆိတ်လို့ နေခဲ့ပါတယ်။ ဒီလို တိတ်ဆိတ်ဝမ်းနည်းမှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ကလေးသုံးယောက်ဟာ ငြိမ်မနေဘဲ သူတို့ကိုယ်ပိုင် စိတ်ကူးယဉ်ပုံပြင်တွေကို တစ်ခုပြီးတစ်ခု ဖန်တီးပြောပြကြပါတော့တယ်။ ဒီလို ပုံပြင်တွေပြောပြရင်းနဲ့ပဲ သူတို့ဟာ စိတ်ကူးယဉ်စွမ်းအားရဲ့ ဆန်းကြယ်မှုကို တွေ့ရှိသွားကြပြီး အဖွားဆုံးပါးသွားခဲ့ရတဲ့ ဝမ်းနည်းမှုတွေကို ပျော်ရွှင်စရာ အမှတ်တရတွေအဖြစ် ဘယ်လိုပြောင်းလဲသွားကြမလဲဆိုတာကို နွေးထွေးကြည်နူးဖွယ် ကြည့်ရှုရမယ့် အန်နီမေးရှင်းကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။
ချန်နယ်လင့်
ဇာတ်ကားလင့်

