ကျောင်းတွင်းအနိုင်ကျင့်မှုများ (၂၀၁၁)
ကျောင်းအတွင်းမှာ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်နေကြတဲ့ Bully case တွေကြောင့် စာသင်ကြားရေးဘဝအပေါ် သက်ရောက်မှုများစွာဖြစ်ပေါ်နေကြသည့်အချိန်တွင် အောင့်အီးသည်းခံနေတတ်တဲ့ အငိုသန်သူ ဂုဏ်ပုဒ်ရ ဟွမ်ယောင်မင်း ဟာ အထူးအသားပေးဇာတ်ကောင်တစ်ဦးအဖြစ် ပေါ်ပေါက်လာပါသည်။ ဟွမ်ဂယောင်မင်း နဲ့အတူ မူလတန်းတည်းက စာဖက်သူဖြစ်လာခဲ့သူ ဂျောင်ဂျုံဆော့ နဲ့ သူတို့ကြားသို့ ဝင်ရောက်လာသူ လောကကြီးကို အရွဲ့တိုက်တတ်တဲ့ ငချွတ်လေး ဂင်ချောလ် တို့ သုံးဦးက သက်ဆိုင်သူအားလုံးရဲ့ နာကျင်မှုများအပြင် Bully case များကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ဆန်းသစ်မှုတွေနဲ့ ရင်ဆိုင်ကြရမည် ဖြစ်ပါတယ်။ အဲဒီကိစ္စရပ်ကြောင့် လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်တွေကို သုံးဦးစလုံးဘယ်လို ခံစားကြမလဲဆိုတာကို စောင့်ကြည့်ခံစားရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

September 24, 2026 1.5K