ဇာတ်လမ်းကတော့ ဂန္ထဝင် ကာတွန်းတွေထဲကအတိုင်း ငှက်ကို ဖမ်းဖို့ ကြိုးစားတိုင်း အမြဲတမ်း ပေါက်ကွဲပျက်စီးပြီး သူ့ကိုယ်တိုင် ပြန်ဒုက္ခရောက်နေတဲ့ အေစီအမ်အီး ကုမ္ပဏီထုတ် ပစ္စည်းဆန်းတွေကြောင့် အသည်းပေါက်နေရတဲ့ ကိုရုပ် ဆီကနေ စတာပါ။ နောက်ဆုံးမှာတော့ ကိုရုပ် ဟာ ဆက်သည်းမခံနိုင်တော့ဘဲ သူ့ကို ချို့ယွင်းချက်အပြည့်နဲ့ ပစ္စည်းတွေ ရောင်းချခဲ့တဲ့ ဧရာမ အေစီအမ်အီး ကော်ပိုရေးရှင်းကြီးကို တရားရုံးမှာ နစ်နာကြေး ဒေါ်လာသန်းပေါင်းများစွာအတွက် တရားစွဲဆိုဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူ့ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ကံခေနေတဲ့ ရှေ့နေပေါက်စတစ်ယောက် နဲ့ လက်တွဲမိသွားပြီး အေစီအမ်အီး ဘက်က ငှားရမ်းထားတဲ့ နာမည်ကျော် ရှေ့နေကြီး ရဲ့ အဖွဲ့နဲ့ တရားခွင်ထဲမှာ ရယ်မောဖွယ်ရာ အပြိုင်အဆိုင် အချေအတင် ရင်ဆိုင်ကြရပါတော့တယ်။ ကာတွန်းဇာတ်ကောင်တစ်ကောင်နဲ့ လူသားရှေ့နေတို့ရဲ့ ခင်မင်ရင်းနှီးမှုတွေ၊ ရယ်စရာ တရားခွင် စစ်ဆေးမှုတွေနဲ့အတူ ကော်ပိုရေးရှင်းကြီးရဲ့ မတရားမှုကို အနိုင်ယူဖို့ ကြိုးစားရမယ့် ရယ်ရွှင်ဖွယ် စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
ချန်နယ်လင့်
ဇာတ်ကားလင့်

