ရေရှားပါးမှုပြသနာ (၂၀၂၃) ဒီဇာတ်ကားလေးကတော့ စစ်ပွဲအပြီးမှာ… — Hana: Anime & Cartoons — TG.ME

ရေရှားပါးမှုပြသနာ (၂၀၂၃)

ဒီဇာတ်ကားလေးကတော့ စစ်ပွဲအပြီးမှာ ကပ်ဘေးကြောင့် သောက်သုံးရေရှားပါးလာတဲ့တိုင်းပြည်အတွက် ပြည်သူတွေဘယ်လိုအခက်အခဲရောက်ရလဲ၊ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပြီး Sci-fi ဆန်ဆန်လေးနဲ့ Action ခန်းလေးတွေပါ ပါဝင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Anime Movie လေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်ကတော့ ကိုင်နာ လို့ခေါ်တဲ့‌ကောင်လေးနဲ့ ရီရီဟာ လို့ခေါ်တဲ့ အတ္တလန်တိုင်းပြည်ရဲ့ မင်းသမီးလေးဟာ စစ်ပွဲကြီးအပြီးနဲ့ ကပ်ဘေးကြောင့် တိုင်းပြည်မှာ သောက်သုံးရေရှားပါးလာခဲ့တယ်။ ဒီလိုနဲ့ ဒဏ္ဍာရီထဲမှာ ကြားခဲ့ရတဲ့ ပတ်လည်ထိပ်ဖျားအပင်ကြီးမှာ သောက်သုံးရေတွေ မြောက်များစွာရှိတယ်လို့ ကြားသိခဲ့ရတဲ့အတွက် ရီရီဟာ နဲ့ ကိုင်နာ တို့ဟာ လူစုဖွဲ့ပြီး အဲ့ဒီအပင်ကြီးကို ရှာဖို့ ခရီးထွက်ကြပါတော့တယ်။ ဒါပေမဲ့ ကိုင်နာ တို့ မထင်မှတ်လိုက်တာက ဒီထွက်လာတဲ့ ခရီးလမ်းမှာ သူတို့နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်နဲ့ ဘာလို့ နှင်းတွေဟာ အမြဲကျနေပြီး ထိပ်ဖျားအပင်ကြီးကို မှီခိုနေရမလဲဆိုတာကို သိရှိသွားရမှာဖြစ်ပါတယ်။ ဒီလို Adventure အပြည့်နဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကိုင်နာ တို့ရဲ့ ခရီးစဉ်ကို အားလုံးပဲ အတူတူ စိတ်ဝင်တစား ကြည့်ရှုလိုက်ကြရအောင်လား။

t.me/cartoonmoviesmms/3846
August 30, 2026 1.2K 2