မှော်ဆရာကြီးရဲ့ ဆင် (၂၀၂၃) ဘောလ်တိစ် ဆိုတဲ့ မြို့ငယ်လေးက… — Hana: Anime & Cartoons — TG.ME

မှော်ဆရာကြီးရဲ့ ဆင် (၂၀၂၃)

ဘောလ်တိစ် ဆိုတဲ့ မြို့ငယ်လေးက မျှော်လင့်ချက်တွေဆိတ်သုဉ်းနေတဲ့ မြို့လေးလို့ ပြောရမယ်။ သူတို့ကြုံခဲ့ရတဲ့ စစ်ပွဲကြီးအပြီးမှာ လူတွေက မပျော်ရွှင်ကြတော့ပါဘူး။ စစ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေး ရဲ့ တစ်သက်ရှိနေပြီ။ ဒါပေမဲ့ လူတွေက ပျော်ရွှင်မှုတွေ မရကြသေးဘူး။ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲ အဆိုးတွေပေါ်ပဲ အာရုံစိုက်၊ အဆိုးတွေကိုပဲမျှော်လင့်ပြီး နေကြသူတွေပေါ့။ တစ်နေ့မှာ မျက်လှည့်ဆရာကြီး က ဒီလူအတွက် မျှော်လင့်ချက်တွေ ပြန်ရှင်သန်စေဖို့ မန္တန်ကြီးတစ်ခုကို လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ခဗျာမှာလဲ သိပ်မကျွမ်းကျင်တော့ ဆင်ကြီးတစ်ကောင်သာ အမိုးကနေ ပွင့်ပြီး ပြုတ်ကျလာပါတယ်။ မျက်လှည့်ဆရာကြီး က သူ့မန္တန်က မအောင်မြင်ဘူး ထင်တာပေါ့။ မျက်လှည့်ဆရာကြီး ကိုယ်တိုင်လဲ သူ့ဆင်ကြီးက အဖွားကြီးတစ်ယောက် ပေါ်သွားပိတာကြောင့် ဂျေးထဲ အောင်းသွားရပါတယ်။ ဒါပေမဲ့ ဒီဆင်ကြီး ရောက်လာတာကပဲ ဒီကားထဲက ဇာတ်လိုက်လေး အတွက် ယုံကြည်မှုတွေကိုအသက်သွင်းရာမှာ၊ သူ့မိသားစုကို ရှာဖွေရာမှာ အရေးအကြီးဆုံးနဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပြီး ဘယ်လို အံ့ဖွယ်ရာတွေကို ထပ်ဖြစ်စေမလဲ ဆိုတာ ကြည့်ရမှာပါ။

t.me/cartoonmoviesmms/3844
August 29, 2026 1.2K