ရော်ဘင်ဟုဒ် (၁၉၇၃) ရစ်ချက် ဆိုတဲ့ ဘုရင်ကြီးတစ်ပါး… — Hana: Anime & Cartoons — TG.ME

ရော်ဘင်ဟုဒ် (၁၉၇၃)

ရစ်ချက် ဆိုတဲ့ ဘုရင်ကြီးတစ်ပါး စစ်ထွက်တိုက်နေတုန်းမှာ ထီးနန်းကို အချောင်လိုချင်တဲ့ သူ့ရဲ့ ညီဖြစ်သူ မင်းသားဂျွန် က အာဏာသိမ်းလိုက်ပါတယ်။ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ဘယ်သူသေသေ ငတေမာပြီး ရော အချိုးတွေ စချိုးပါတော့တယ်။ နော့တင်ဟမ် က တိုင်းသူပြည်သားတွေကို အခွန်တွေ မတော်မတရား ကောက်ပါတော့တယ်။ ဒါပေမဲ့ တစ်ခုရှိတာက သူအုပ်ချုပ်မင်း လုပ်ချင်နေတဲ့ တိုင်းပြည်မှာ ရော်ဘင်ဟုဒ် ဆိုသူက ရှိနေပါတယ်။ ဒီတော့ မတရားတဲ့ ဘုရင်နဲ့ တရားမျှတမှုကို လိုလားတဲ့ ရော်ဘင်ဟုဒ် တို့ရဲ့ အားပြိုင်မှုတွေကို ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

t.me/cartoonbynikko/232
August 29, 2026 1.2K 2