VIP tiers တွေဆိုတာ များသောအားဖြင့် Trading Volume တွေ အများကြီးလိုပြီး Level တစ်ဆင့်ချင်းစီ တဖြည်းဖြည်း ပင်ပန်းခံ တက်ရလေ့ရှိတာပါ။
ဒါပေမဲ့ Binance က "VIP 6 for Six" အစီအစဉ်နဲ့ နည်းနည်းဆန်းဆန်းလေး လုပ်ပေးထားပါတယ်။ အကျုံးဝင်တဲ့ User တွေအနေနဲ့ အဆင့်ဆင့် တက်နေစရာမလိုဘဲ VIP 6 Status ကို စတင်ပြီး (၂) လစာ ချက်ချင်း ရရှိမှာဖြစ်ကာ Milestone တွေ ပြည့်မီရင် (၆) လအထိ သက်တမ်း တိုးမြှင့်သွားနိုင်မှာပါ။
ကြေး (Fee) ပိုင်းမှာ အတိုးနှုန်း/အကောက်အခွန် 80% အထိ လျှော့စျေးရမှာကတော့ အထင်ရှားဆုံး ပါပဲ။ ဒါပေမဲ့ Active Trader တွေအတွက် နောက်ထပ် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ အကျိုးခံစားခွင့်တွေလဲ ရှိပါသေးတယ် -
0% Institutional Loans: (၁) လစာ အတိုးမဲ့ ချေးငွေ
Collateral မလိုတဲ့ BNB Borrowing: အတိုးနှုန်း 2.5% တည်းနဲ့ အာမခံပစ္စည်း (Collateral) တင်စရာမလိုဘဲ BNB ချေးယူနိုင်ခြင်း
VIP Earn: ပိုမိုမြင့်မားတဲ့ Yield (အမြတ်ရာခိုင်နှုန်း) များ ရရှိခြင်း
Capital Connect စနစ် အသုံးပြုခွင့်
Dedicated Account Manager: ကိုယ့်ရဲ့ Trading Setup ကို သေချာနားလည်ပေးမယ့် သီးသန့် Account Manager တစ်ယောက် ရရှိခြင်း
ဒါ့ပြင် VIP သီးသန့် Event တွေ၊ Networking အခွင့်အလမ်းတွေနဲ့ Seasonal Perk (ရာသီအလိုက် အထူးလက်ဆောင်) တွေပါ ပါဝင်တာမို့လို့ Trading Fee သက်သာရုံတင် မကပါဘူး။
ဒီ အစီအစဉ်ထဲ ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း (၂) ခု ရှိပါတယ် -
Growth Track: လက်ရှိ Binance VIP 1-5 User တွေနဲ့ အခြား Exchange တွေက အကျုံးဝင်တဲ့ VIP တွေအတွက်
Reactivation Track: ယခင် VIP 3-6 ဖြစ်ခဲ့ဖူးပြီး အဆင့်ကျသွားတဲ့ User တွေအတွက်
အဓိကပြောချင်တာကတော့ ကိုယ်က ဒီအတိုင်းအတာအထိ Trade လုပ်နေသူဆိုရင် Qualification ပြည့်မီလားဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။
အဆင့်ဆင့် ပင်ပန်းခံ မတက်ရဘဲ လမ်းကြောင်းတိုကနေ တန်းကျော်တက်ခွင့်ရတာကတော့ အစိတ်ဝင်စားစရာကောင်းဆုံး အပိုင်းပါပဲ။

1.25K
3
1August 23, 2026 1.2K