ငွေကြေးများ ခိုးယူခံရပြီးနောက် အတုပြုလုပ်ထားသော DeFiLlama App ကို… — Online ကနေ ငွေရှာမယ် — TG.ME

ငွေကြေးများ ခိုးယူခံရပြီးနောက် အတုပြုလုပ်ထားသော DeFiLlama App ကို Apple အက်ပ်စတိုးမှ ဖယ်ရှား
@DefiLlama ၏ ဖောင်ဒါဖြစ်သူ @0xngmi ၏ ပြောကြားချက်အရ Apple ၏ App Store ပေါ်တွင် တံဆိပ်အမှတ်တံဆိပ် မူပိုင်ခွင့် ချိုးဖောက်ပြီး သူတစ်ပါးအယောင်ဆောင်ထားသည့် အက်ပ်အတုတစ်ခု ရှိနေကြောင်း အဖွဲ့သားများက လပေါင်းများစွာတိုင်ကြားခဲ့သော်လည်း ဖယ်ရှားပေးခြင်းမရှိဘဲ ဆက်လက်ရှိနေခဲ့သည်ဟု သိရသည်။
နောက်ဆုံးတွင် အဖွဲ့သားများက ငွေကြေးပမာဏအနည်းငယ်ထည့်ထားသည့် Wallet ဖြင့် အဆိုပါအက်ပ်ကို စမ်းသပ်ခဲ့ကြပြီး ညွှန်ကြားချက်အတိုင်း Seed Phrase ကို ရိုက်ထည့်ခဲ့ရာ ထိုငွေကြေးများ ခိုးယူခံခဲ့ရသည်။ DeFiLlama ဘက်မှ ထိုသက်သေအထောက်အထားများကို တင်ပြပြီးနောက်တွင်မှ Apple က အဆိုပါအက်ပ်ကို ရက်ပိုင်းအတွင်း ဖယ်ရှားပေးခဲ့သည်။ ထို့ပြင် အလားတူ အတုပြုလုပ်ထားသော အက်ပ်များသည် အခြားထင်ရှားသည့် Crypto အမှတ်တံဆိပ်များကိုလည်း ပစ်မှတ်ထား လိမ်လည်လျက်ရှိသည်။
❤1.36K🔥2
August 19, 2026 3.9K