Tether မှ ပထမဆုံး အပြည့်အဝ ဘဏ္ဍာရေး စာရင်းစစ်ဆေးမှုကို ပြီးစီး
@tether ၏ ထုတ်ပြန်ချက်အရ KPMG U.S. သည် ကုမ္ပဏီ၏ ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးရှင်းလင်းချက်များကို သီးခြားလွတ်လပ်စွာ အပြည့်အဝ စစ်ဆေးပြီးစီးခဲ့ပြီး၊ လွတ်လပ်သော စာရင်းစစ်အဖွဲ့အစည်းတစ်ခုမှ ထုတ်ပေးနိုင်သည့် အကောင်းဆုံး ထောက်ခံချက်ဖြစ်သော Unqualified Audit Opinion (မည်သည့် ကန့်ကွက်ချက်မျှမပါဘဲ အပြည့်အဝ အတည်ပြုချက်) ကို ထုတ်ပြန်ပေးခဲ့ပါသည်။
ဒါ့အပြင် KPMG သည် Tether ထိန်းသိမ်းထားရှိသည့် ရွှေချောင်းတစ်ခုစီကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရေတွက်ခဲ့ပြီး ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများ (Assets)၊ ပေးရန်ရှိတာဝန်များ (Liabilities)၊ လုပ်ငန်းဆောင်ရွက်မှု အရောင်းအဝယ်များနှင့် ဘဏ္ဍာရေးမှတ်တမ်းများကိုလည်း လွတ်လပ်စွာ စစ်ဆေးအတည်ပြုခဲ့ပါသည်။ Tether ၏ ပြောကြားချက်အရ စာရင်းစစ်ဆေးအတည်ပြုပြီးသော ၎င်းတို့၏ ရန်ပုံငွေသီးသန့် (Reserves) သည် ပေးရန်ရှိတာဝန်များထက် အမေရိကန်ဒေါ်လာ ၆.၈၁၄ ဘီလီယံ ပိုမိုများပြားကြောင်း သိရပါသည်။

2.39K
1August 16, 2026 5.8K