Trezor ရဲ့ ပို့ဆောင်ရေးဝန်ဆောင်မှု (shipping provider) တစ်ခုဖြစ်တဲ့… — Online ကနေ ငွေရှာမယ် — TG.ME

Trezor ရဲ့ ပို့ဆောင်ရေးဝန်ဆောင်မှု (shipping provider) တစ်ခုဖြစ်တဲ့ ShipMonk မှာ ဒေတာ ပေါက်ကြားမှု (data breach) ဖြစ်ပွားခဲ့တာကြောင့် Trezor သုံးစွဲသူ ၁၃,၆၈၉ ဦး ရဲ့ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားသွားခဲ့တယ်လို့ Trezor က ပြောကြားခဲ့ပါတယ်။
ပေါက်ကြားသွားတဲ့ အချက်အလက်တွေထဲမှာ ဝယ်ယူသူများရဲ့ အမည်၊ အီးမေးလ်၊ ဖုန်းနံပါတ် နှင့် ပစ္စည်းပို့ဆောင်ရမည့် လိပ်စာများ ပါဝင်ပါတယ်။
အဓိကသိရှိထားရမည့် အချက်များ -
ထိခိုက်သွားသည့် အော်ဒါများ - မေလ ၁၀ ရက်မှ အေဂုတ်လ ၈ ရက်အတွင်း မမှာယူခဲ့သော အမေရိကန် (US)၊ ဗြိတိန် (UK)၊ ဆှီဒင်၊ ကိုလံဘီယာ၊ ဘရာဇီး၊ အီတလီ နှင့် ပေါ်တူဂီနိုင်ငံများမှ အော်ဒါများ ဖြစ်သည်။
လုံခြုံရေးအခြေအနေ - Trezor ရဲ့ ကိုယ်ပိုင် စနစ်များနှင့် ဟာ့ဒ်ဝဲစက်ပစ္စည်းများ (Hardware Devices) သို့ ထိခိုက်ပေါက်ကြားခဲ့ခြင်း မရှိပါ။
သတိပြုရန် - အချက်အလက် ပေါက်ကြားသွားသော သုံးစွဲသူများအနေနှင့် ပိုမိုဆန်းသစ်ပြီး ပစ်မှတ်ထားတိုက်ခိုက်လာနိုင်သည့် Phishing (မတော်မတရား လိမ်လည်လှည့်ဖြားသည့် မက်ဆေ့ချ်/အီးမေးလ်) တိုက်ခိုက်မှုများကို ပိုမို သတိထားရန် လိုအပ်ပါသည်။
❤2.37K
August 15, 2026 6K