Street Restaurant Fighter (2026): post #315 — TG.ME

Street Restaurant Fighter (2026) *********************************** နာမည်ကြီးရှိုးတွေဖြစ်တဲ့ Street Woman Fighter, Street Man Fighter စတဲ့ dance survival show တွေရဲ့ production team ကနေပြီး ဒီတစ်ခါမှာတော့ အက မဟုတ်ဘဲ cooking survival show တစ်ခုကို ထပ်မံ တင်ဆက်လိုက်ပြန်ပါပြီ။ ဒီ show​လေးက​တော့ တခြား cooking show​ တွေလို ဟင်းချက်ရုံ ယှဥ်ပြိုင်တာမျိုးတင်မဟုတ်ဘဲ ဟင်းလျာ​တွေရဲ့​​​​ ရောင်းချနှုန်းကိုပါ ပြိုင်ဆိုင်သွားမဲ့ business survival​လေးပဲ ဖြစ်ပါတယ်။ ​တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းမှ နာမည်ကြီး စားဖိုမှူး​တွေ စား​​​သောက်ဆိုင်ပိုင်ရှင်​တွေက street food brand အသစ်​တွေကို အပြိုင်အဆိုင် ဖန်တီး ရောင်းချရမှာဖြစ်ပြီး စားသုံးသူ​တွေဘက်ကလည်း ဘယ်စားဖိုမှူးရဲ့ ဟင်းလျာမှန်း မသိ​စေတဲ့ blind sale နည်းလမ်းနဲ့ ယှဥ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။ အ​ကောင်းဆုံး ​ရောင်းအားအတွက် ဆန်းသစ်တဲ့ မီနူး​တွေကို ဖန်တီးပြီး စားသုံးသူ​တွေရဲ့ အား​ပေးမှုကို ရယူကာ တစ်​ယောက်နဲ့ တစ်​ယောက် ဘယ်လိုအကြိတ်အနယ် ယှဥ်ပြိုင်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့အပြင် အစားအသောက်နယ်ပယ်က တကယ့် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ပညာကိုလည်း ကြည့်ရှုရမှာဖြစ်လို့ ညွှန်းဆိုလိုက်ပါတယ်ရှင်။ Aired: Jun 21, 2026 - ? Aired On: Sunday Genres: Food, Cooking Show, Reality Show Episodes: 12 Original Network: tvN

❤24
July 4, 2026 12.6K 94