Remnants of Gold (2026)
ငရဲတံလျှပ်ရဲ့လောဘသားကောင်များ
သိုင်းကား သိုင်းကားဆိုပြီး သိုင်းကားစစ်စစ်မှကြည့်ချင်တဲ့ချစ်ပရိသတ်တို့ကိုလည်း CM က ပစ်ပယ်မထားပါဘူးနော်။ ဒီတစ်ခါယူဆောင်လာတဲ့ကားသစ်လေးကတော့ ဝူရှသိုင်းကားသစ်လေးပါ။
ဒီစီးရီးက ဝူရှကိုမှ လူတွေရဲ့လောဘတွေ၊ မကျေနိုင်ခဲ့တဲ့သွေးကြွေးတွေကိုပါ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ အတော်လေးကိုကြည့်လို့ကောင်းမဲ့စီးရီးတစ်ခုလို့တောင် ဆိုလို့ရပါတယ်။ ပါဝင်ထားတဲ့ဇာတ်ဆောင်တွေကလည်း ဝါရင့်တွေဖြစ်တဲ့ Xin Zhi Lei၊ Yin Fang တို့နဲ့အတူ Gao Wei Guang၊ Chen Kun တို့လိုသရုပ်ဆောင်တွေကပါ ပါဝင်ထားတာမို့ အတော်လေးမြိုင်မဲ့သိုင်းကားစီးရီးကောင်းတစ်ခုပါ။
ဇာတ်လမ်းအညွှန်း >>>
ကျယ်ပြောလှတဲ့သဲကန္တာရကြီးထဲမှာ မထင်မှတ်ဘဲ ရွှေတုံးပိဿာပေါင်းသုံးသိန်းဟာ ရုတ်တရက်ပေါ်ထွက်လာခဲ့ပြီး ကံကြမ္မာမုန်တိုင်းဆိုးကြီးကို စတင်မွှေနှောက်လိုက်ပါတယ်။ အဲဒီရွှေဘဏ္ဍာတောင်ကြီးကို ရှာဖွေသူမှန်သမျှဟာ လောဘနဲ့ ရူးသွပ်မှုတွေရဲ့စုပ်ယူဖျက်ဆီးခြင်းကိုခံရပြီး နာကျည်းနေတဲ့ဝိညာဉ်ဆိုးတွေအဖြစ် ပြောင်းလဲသွားကြရတယ်ဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နှံ့လို့နေခဲ့တာပေါ့။
ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုရဲ့ပထမဆုံးနေ့မှာတင် ကျင်ယီးဝေ့အရာရှိတစ်ယောက်ဟာ စိတ်ဖောက်ပြန်ကာ ရူးသွပ်သွားခဲ့ပါတယ်။ သူ့ရဲ့သစ္စာရှိ လက်ထောက်အရာရှိလေးဟာလည်း လေနှင်ရာလွင့်ရင်း သဲသောင်ပြင်တွေကြားထဲမှာ လမ်းပျောက်နေခဲ့ရပြီး တပ်မက်မှုလောဘနဲ့ သစ္စာတရားကြားထဲမှာ ရူးခါမတတ်ရုန်းကန်နေခဲ့ရရှာပါတယ်။ အဲဒီအချိန်မှာပဲ မိသားစုတစ်စုလုံးသတ်ဖြတ်ခံခဲ့ရပြီး ကိုယ်တိုင်လည်း သေဒဏ်ကနေ လွတ်မြောက်လာခဲ့သူ၊ အဆိပ်မှန်သမျှ ခန္ဓာကိုယ်မှာမတိုးတော့တဲ့အမျိုးသမီးတစ်ယောက်ဟာလည်း သဲကန္တာရထဲ ပြန်လည်ရောက်ရှိလာပြန်ပါတယ်။ သူဟာ လက်စားချေလိုစိတ်တစ်ခုတည်းနဲ့ ကြမ္မာငင်ကစားပွဲရဲ့ဗဟိုချက်ဆီကို တည့်တည့်မတ်မတ်တိုးဝင်သွားခဲ့ပြီး အသက်နဲ့လဲရမဲ့သွေးဆာနေတဲ့ကစားပွဲကြီးထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆုကြေးတစ်ခုအဖြစ် ပစ်ချလိုက်ပါတော့တယ်။
အဆက်မပြတ်တိုက်ခိုက်နေတဲ့ ကြမ္မာမုန်တိုင်းကြီးရဲ့နောက်ကွယ်မှာတော့ ရက်စက်လှတဲ့ထောင်ချောက်တွေနဲ့ ရွှေကို မက်မောနေကြတဲ့လူတွေရဲ့အာသာမပြေတဲ့လောဘတရားတွေဟာ တိတ်တဆိတ်စောင့်ကြိုနေခဲ့ပါတော့တယ်။
ဒီဇာတ်လမ်းက သိုင်းကားကိုမှ လက်စားချေတဲ့ဇာတ်အိမ်မျိုးဖြစ်လို့ တကယ့်ကိုရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ နောက်ပြီး မိသားစုအတွက်လက်စားချေဖို့ အဆိပ်မတိုးတဲ့ခန္ဓာရှင်ရဲ့လျှို့ဝှက်ဆန်းကြယ်နက်နဲတဲ့ပုံစံကလည်း ကြည့်ရတာ အရမ်းဆွဲဆောင်မှုရှိသလို အရာရှိတွေကိုပါ ရူးသွပ်သွားစေတဲ့ ရွှေတောင်ကြီးရဲ့လျှို့ဝှက်ချက်၊ သစ္စာတရားနဲ့လောဘတရားတို့လွန်ဆွဲကြမဲ့ Psychological Wuxia Plot ဖြစ်လို့ ပရိသတ်တွေကို အသည်းတအေးအေးဖြစ်စေမှာအသေချာပါပဲနော်။
#RemnantsOfGold
6
1August 25, 2026 2.1K 2









