I A+m a H+e-r+o (20/16)
Zombie ဇာတ်ကား အကြမ်းစားတွေ၊ Survival Thriller ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၁၆ ခုနှစ်က ထွက်ရှိထားပြီး ရုံတင်တုန်းကရော အခုချိန်ထိပါ ပရိသတ်လက်ခံမှု ရရှိထားတဲ့ "ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီကားမှာတော့ ဂျပန်ရုပ်ရှင်လောကရဲ့ နာမည်ကြီး မင်းသားကြီး Yo Oizumi နဲ့အတူ ပရိသတ်အချစ်တော် မင်းသမီးချောလေးတွေဖြစ်တဲ့ Kasumi Arimura နဲ့ Masami Nagasawa တိုက အဓိက ပါဝင်အားဖြည့်ထားတာမို သရုပ်ဆောင်နဲ့တင် စိတ်ဝင်စားစရာတော်တော်ကောင်းနေပါပြီ။ဇာတ်လမ်းကတော့ ဟီဒဲအို ဆိုတဲ့ အသက် ၃၅ နှစ်အရွယ် မန်ဂါ (Manga) ရေးဆွဲတဲ့ လက်ထောက်ကောင်လေး တစ်ယောက်အကြောင်းကနေ စထားပါတယ်။ သူ့ဘဝက အောင်မြင်မှုဆိုတာမရှိ၊ ရည်မှန်းချက်တွေလည်း ပျောက်ဆုံး၊ ချစ်သူကောင်မလေးကပါ အထင်သေးခံနေရတဲ့ အရှုံးသမား တစ်ယောက်ပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ သူအလုပ်ကအပြန် ယာဉ်တိုက်မှုတစ်ခုကို မျက်မြင်တွေ့လိုက်ရရာကနေ အရာအားလုံး စတင်ပြောင်းလဲသွားပါတော့တယ်။ သေချာပေါက် သေသွားပြီလိုထင်ရတဲ့ လူနာက ချက်ချင်းပြန်ထလာပြီး လမ်းလျှောက်သွားတဲ့အခါ... ဒါဟာ သာမန်ကိစ္စမဟုတ်တော့ဘဲ "ZQN" လိုခေါ်တဲ့ ကြောက်မက်ဖွယ်ရာ ဗိုင်းရပ်စ်တစ်မျိုး တစ်ကမ္ဘာလုံးကို စတင်ပျံ့နှံ့သွားပါတော့တယ်။ဂျပန်လို နိုင်ငံမျိုးမှာ သေနတ်ဆိုတာ ရှားပါးပေမဲ့ ဟီဒဲအိုဆီမှာတော့ တရားဝင်လိုင်စင်နဲ့ ကိုင်ခွင့်ရှိတဲ့ အမဲလိုက်သေနတ် တစ်လက် ရှိနေပါတယ်။ တစ်မြိုလုံး ဖုတ်ကောင်တွေ ပြည့်နှက်နေတဲ့ ငရဲခန်းကြီးထဲမှာ ဟီဒီအိုတစ်ယောက် ကြုံရာကျပန်းဆုံတွေ့ခဲ့ရတဲ့ ကျောင်းသူလေး ဟီရိုမီ နဲ့ သူနာပြုဆရာမလေး ယာဘူ တိုကို ကယ်တင်ရင်း... သူ့ရဲ့ သေနတ်တစ်လက်ကို အားကိုးကာ Loser ဘဝကနေ တကယ့် Hero တစ်ယောက်ဖြစ်လာအောင် ဘယ်လိုကြိုးစားရုန်းကန်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ဒီကားက ရိုးရိုးဖုတ်ကောင်ကားတွေလို နှေးကွေးမနေဘဲ အက်ရှင်ခန်းတွေ၊ သွေးထွက်သံယို Slasher ဆန်ဆန် ခပ်ကြမ်းကြမ်းလေးမလို့ Survival Thriller / Horror ဖန်တွေအတွက်တော့ လုံးဝ အာလူးမဖုတ်ဘဲ ရှယ်ဖြုတ်မဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်လို အခုပဲ ဒေါင်းကြည့်လိုက်ကြဖို တိုက်တွန်းချင်ပါတယ်
https://t.me/+JGnT8NZ7U6ZmOGFl
https://t.me/c/3383365584/8388

