Channel Movie: post #10039 — TG.ME

ပြည်သူ့စစ်မှု့ထမ်းတွေ မထမ်းမနေရ
ခေါ်နေပါပြီနော်
.....

Cra-zy/Wa-iting (၂၀-၀၈)

****

ဒီတစ်ခါမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မဖြစ်မနေ ၂နှစ်တာ စစ်မှုထမ်းရတဲ့ ဓလေ့ထုံးစံကြောင့် ချစ်သူစုံတွဲလေးတွဲ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို ဟာသနှောပြီး ရိုက်ကူးတင်ဆက်ထားတဲ့ အချစ်ဟာသ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း

****

ပထမစုံတွဲဖြစ်တဲ့ ဟျိုဂျောင်း(Son Tae Young)နဲ့ ဝန်ဂျယ်(Jang Keun-suk)တို့မှာ ပြန်လည်သန်စွမ်းရေး ကျွမ်းကျင်ပညာရှင် ဟျိုဂျောင်းက သူမထက် အသက်ငယ်တဲ့ ဝန်ဂျယ်နဲ့ ချစ်သူဖြစ်ခဲ့ပြီး ဝန်ဂျယ် စစ်မှုထမ်းရပြီးနောက် ခွင့်ရက်နဲ့ ခဏပြန်လာတဲ့အကြိမ်တိုင်း ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးဖြစ်လာတာကြောင့် နှစ်ယောက်သားဆက်ဆံရေးမှာ ပြဿနာရှိလာခဲ့ပါတယ်။ ဒုတိယစုံတွဲအပိုင်းမှာတော့ Peacock Greenတီးဝိုင်းအဖွဲ့ဝင် ဘိုရမ်(Jang Hee Jin)ဟာ ဂီတာသမားဖြစ်တဲ့ မင်ချော(Danny Ahn)ကို တစ်ဖက်သတ် စိတ်ဝင်စားနေပေမဲ့  မင်ချောက တီးဝိုင်းရဲ့အဆိုတော် ဟန်နာကိုသာ စိတ်ဝင်စားနေခဲ့ပါတယ်၊ အဲဒီအချိန်မှာပဲ မင်ချော စစ်မှုထမ်းဖို့ ဖြစ်လာပါတော့တယ်။တတိယစုံတွဲဖြစ်တဲ့ ဂျင်းအာ(Yoo In Young)နဲ့အွန်း‌ဆော့(Kim San Ho)တို့ဟာ ချစ်စရာကောင်းပြီး အလွန်လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲ ဖြစ်ပေမဲ့လည်း အွန်းဆော့ စစ်မှုထမ်းမသွားခင် သူငယ်ချင်းဖြစ်သူအား ဂျင်းအာကို စောင့်ရှောက်ပေးရန် မှာခဲ့ခြင်းက အမှားတစ်ခုဖြစ်သွားခဲ့ပါတယ်။ စတုတ္ထစုံတွဲဖြစ်တဲ့ အထက်တန်းကျောင်းသူ ဘီအန်း(Han Yeo Reum)နဲ့ ဟောဝု(Woo Seung Min)တို့ စုံတွဲမှာတော့ ဟောဝု စစ်မှုထမ်းဖို့ထွက်သွားချိန်မှာ ဘီအန်းက အပြစ်ကင်းစင်တဲ့ တက္ကသိုလ်ကျောင်းသား ဟိုရှင်းကို ချစ်သူအဖြစ် အစားထိုးဖို့ လုပ်ခဲ့ပါတော့တယ်။ နောက်ဆုံးမှာ စုံတွဲလေးတွဲထဲက မိန်းကလေးတွေဟာ သူတို့သဘောကျခဲ့တဲ့ ယောက်ျားလေးတွေကို စစ်မှုထမ်းရာက ပြန်လာတဲ့အထိ သစ္စာရှိရှိနဲ့ စောင့်နိုင်မလား . . .စစ်မှုထမ်းကာလ ၂နှစ် အတောအတွင်း သူတို့ကြားမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားမလဲ . . .ဆိုတာကို ဟာသနဲ့ ဒရာမာနှောကာ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် ။



➡️အောက်ကချန်နယ်အရင် Joinပြီးမှ
👇👇
https://t.me/+PFc0KkY3-q01YmU1

➡️ဒီဇာတ်ကားကြည့်ရန်လင့် ကိုနှိပ်ပါ
👇👇

https://t.me/c/2872617353/10314
❤1❤‍🔥1