Blo-od/Shin+e (၂၀-၂၆)
IMDb Rating (6.1) / Rotten Tomatoes (81%)
ရုပ်ရှင်ဖန်တီးသူ တစ်ယောက်ဖြစ်တဲ့ ဘရိုက်တန်ဝက်စ်ဟာ သူ့ရဲ့ဟော်ရာ ဇာတ်ညွှန်းအသစ်ကိုအပြီးသတ်ရေးနိုင်ဖို့ဆူညံရှုပ်ထွေးတဲ့ မြို့ပြကနေရုန်းထွက်ပြီး သစ်တောထူထပ်တဲ့ တောမြို့လေးတစ်ခုကိုတစ်ကိုယ်တည်းထွက်ခွာလာခဲ့ပါတယ်။အဲ့ဒီနေရာမှာပဲ တောအုပ်ထဲက အိမ်ကြီးတစ်လုံးမှာတစ်ဦးတည်းနေထိုင်တဲ့ ကလာရာဆိုတဲ့ ပဟေဠိဆန်ဆန်အမျိုးသမီးတစ်ယောက်နဲ့စတွေ့ခဲ့ပြီး မကြာခင်မှာပဲ အဲ့ဒီအမျိုးသမီးပြုသမျှ နုရမယ့် အကျဉ်းသားတစ်ယောက်ဘ၀ကိုရောက်သွားပါတော့တယ်။ Cult Horror ကိုမှ ဘာဂိုဏ်းဂဏယုံကြည်ကိုးကွယ်မှုဆိုတာတွေကိုအသေးစိတ်မပြပဲ မရေမရာသင်္ကေတတွေနဲ့တစ်ကားလုံးပုံဖော်သွားတာဖြစ်တဲ့အတွက် ပရိသတ်တွေကိုယ်တိုင် ဇာတ်ကောင်ရဲ့စိတ်ခံစားချက်၊မွန်းကျပ်မှု၊ မရေရာမှုတွေကိုကူးလူးဖလှယ်ခံစားနိုင်မှာပါ။နောက်ပိုင်းမှာပါလာတဲ့နှိပ်စက်ခန်းတွေကလည်း အလွန်ကြမ်းတမ်းပြီး တော်ရုံစိတ်နှလုံးမျိုးနဲ့ကြည့်လို့မလွယ်တဲ့ ဇာတ်ကားမျိုးဆိုတာတော့ ကြိုပြောပါရစေ။
https://t.me/+PFc0KkY3-q01YmU1
https://t.me/c/2872617353/10310

