Bitcoin (BTC) $75,000 ကျော်အထိ ပြန်ထိုးတက်သွားတဲ့ အဓိက အကြောင်းအရင်း (၄) ချက်
၁။ အမေရိကန်အစိုးရရဲ့ ငွေကြေးမူဝါဒ အပြောင်းအလဲ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက Bond တွေကို ပြန်ဝယ်တဲ့ အစီအစဉ် ပမာဏကို တိုးမြှင့်လိုက်တယ်။ ဒါကြောင့် ဒေါ်လာတန်ဖိုး နည်းနည်းကျသွားပြီး ဈေးကွက်ထဲမှာ ငွေကြေးစီးဆင်းမှု ပိုကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံသူတွေကလည်း အခြေအနေကောင်းပြီဆိုပြီး Crypto လို အမြတ်များပြီး စွန့်စားရတဲ့နေရာတွေထဲ ငွေတွေ ပြန်ထည့်လာကြတယ်။
၂။ အိမ်ဖြူတော်မှာ Crypto ခေါင်းဆောင်တွေ စုံစည်းကြခြင်း
Donald Trump အပါအဝင် အမေရိကန် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေ (SEC, CFTC) နဲ့ Coinbase တို့လို Crypto ထိပ်သီး ကုမ္ပဏီကြီးတွေရဲ့ ခေါင်းဆောင်တွေ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ နောက်ပိုင်းမှာ Crypto အတွက် ပို အဆင်ပြေမယ့် စည်းမျဉ်းသစ်တွေ ထွက်လာတော့မယ်လို့ လူတွေက မျှော်လင့်ပြီး ဈေးတက်လာတယ်။
၃။ Short Squeeze
ဈေးကျမယ်ဆိုပြီး Short Position ယူထားတဲ့ Traders တွေရဲ့ ဒေါ်လာ ၃ ဘီလီယံနီးပါး ပွဲသိမ်းသွားခဲ့တယ် (Liquidation ဖြစ်သွားတယ်)။
၄။ Whales နဲ့ အဖွဲ့အစည်းကြီးတွေ လှိမ့်ဝယ်ကြခြင်း
Crypto Whale ကြီးတွေက လွန်ခဲ့တဲ့ လတွေကတည်းက BTC ဒေါ်လာ ၂.၇၅ ဘီလီယံဖိုးလောက် ဝယ်စုထားကြသလို၊ Bitcoin ETFs တွေထဲကိုလည်း ပိုက်ဆံတွေ အမြောက်အမြား ဆက်တိုက် စီးဝင်လာတယ်။
ဒါဆို Bear Market ပြီးသွားပြီး Bull Market လာပြီလား? ဆိုရင်
ကျိန်းသေတော့ ဘယ်သူမှ အတိအကျမပြောနိုင်ပါ။ ပြီးခဲ့တဲ့ 4 Years Cycle တွေ နဲ့ နှိုင်းယှဉ် ပြောမယ်ဆိုရင်တော့ဖြစ်နိုင်ချေနည်းပါတယ်။
Market ကိုအဓိက Impact ဖြစ်စေတဲ့အထဲမှာ
4 Years Cycle,
Government Policy,
Whale Manipulation
စတာတွေက အင်မတန် အရေးပါတယ်။ Government Policy, Whale Manipulation တွေက ရေတိုမှာ Impact ပိုကြီးပြီး၊ 4 Years Cycle က ရေရှည်မှာ Impact ပိုကြီးတယ်။
ကျွန်တော့ရဲ့ Buying Zone, 2026 Q4, ဆိုတာကတော့ မပြောင်းလဲသေးပါ။