OK! Le-t's Get Divo-rced (2026) ငယ်စဉ်က အဖေဖြစ်သူ… — Hana: Series — TG.ME

OK! Le-t's Get Divo-rced (2026)

ငယ်စဉ်က အဖေဖြစ်သူ ဝတ်စုံဆိုင်ဖွင့်ထားတာကို ကြည့်ရင်း Baek Mi Young ဟာ အမျိုးသမီးအပ်ချုပ်သမားတစ်ယောက် ဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါးစလုံးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီးနောက်မှာတော့ အလုပ်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ရင်း မင်္ဂလာဝတ်စုံဆိုင်တစ်ခုမှာ အတူတူအလုပ်လုပ်နေတဲ့ ဒီဇိုင်နာ Ji Won Ho နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Won Ho ကလည်း Mi Young ကို မြင်မြင်ချင်း သဘောကျမိသွားပြီး ချစ်သူဖြစ်ပြီး ၆ လအကြာမှာ လက်ထပ်ခဲ့ကြကာ နှစ်ယောက်အတူတူ G&White ဆိုတဲ့ မင်္ဂလာဝတ်စုံကုမ္ပဏီကို တည်ထောင်ပြီး အလုပ်နဲ့ဘဝကို အတူတူ တည်ဆောက်ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ ပြဿနာကြီးကြီးမားမားမရှိဘဲ အဆင်ပြေချောမွေ့ခဲ့ပေမဲ့ အိမ်ထောင်သက် ၄ နှစ်မြောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ အက်ကြောင်းတွေ စတင်ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံးမှာတော့ “ကွာရှင်းကြရအောင်” ဆိုတဲ့အခြေအနေအထိ ရောက်ရှိလာပါတော့တယ်။

t.me/hanatrailers/7045
August 21, 2026 121