Gangubai Kathiawadi" (2022) Biography, Bollywood, Crime, Drama IMDB… — Cinematic Sphere (Movies) — TG.ME

"Gangubai Kathiawadi" (2022) Biography, Bollywood, Crime, Drama IMDB: 7.0/10 39k votes Bajirao Mastani,Padmaavat,Devdas တိုလို ရုပ်ရှင်ကားကြီးတွေရဲ့ ဒါရိုက်တာ Sanjay Leela Bhansali ရဲ့လက်ရာဖြစ်တာမို ပိုလိုလူကြိုက်များခဲ့ပါတယ်။ဇာတ်လမ်းကလဲ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။1960ခုနှစ်များဆီက မွန်ဘိုင်းရဲ့ မာဖီးယားဘုရင်မတစ်ယောက်ဖြစ်တဲ့ GangaHarjivandas ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။သူမဟာ ငယ်စဉ်ကဘောလီးဝုဒ်ရုပ်ရှင်စတားတစ်ယောက်​ဖြစ်ဖို အိပ်မက်မက်ခဲ့ပေမဲ့ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီးပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတော့တယ်။ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီး ပြည့်တန်ဆာခေါင်းအဖြစ်ရှင်သန်ရပ်တည်လာတဲ့နောက်မှာ ယဉ်ကျေးမှုအစဉ်အလာအားကြီးတဲ့အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက နှစ်တစ်ရာလောက်ရပ်တည်လာတဲ့ သူမတို ပြည့်တန်ဆာအိမ်က အမျိုးသမီး ၄၀၀၀ရဲ့ ဘဝတွေကို တိုက်ခိုက်ရန်စလာတဲ့အခါ…အနာဂတ်ကိုဆက်လျှောက်ရမယ့် ကလေးတွေနဲ့ ပြည့်တန်ဆာတစ်ယောက်မှာလည်း ရသင့်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပညာသင်ခွင့်နဲ့ အခွင့်အရေးအတွက် သူမဘယ်လိုရင်ဆိုင်သွားမလဲ။“ယောကျာ်းတွေက လူသေကောင်နဲ့ဆိုရင်တောင် ယုံရတာမဟုတ်ဘူး”ဆိုတဲ့ နာကျင်နေတဲ့သူမစကားရဲ့နောက်မှာ ရှုချမှုတွေ၊ ဒဏ်ရာတွေကို သူမဘယ်လိုကြံ့ကြံ့ခံမလဲ။တစ်ခုခုဆိုတာနဲ့ အပြစ်တင်ရှုချတတ်တဲ့ လူထုဆိုတဲ့အရာကရော သူမတိုကို နောက်ဆုံးထိ တိုက်ခိုက်သွားနိုင်မှာလားဆိုတာ ဒီ Gangubai Kathiawadi ဆိုတဲ့ကားလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။မိန်းမတစ်ယောက်ရဲ့ အတိတ်ရဲ့ဒဏ်ရာနဲ့ ဒဏ်ရာကို ရင်ဆိုင်တိုက်ခိုက်ရဲတဲ့ ​ သတ္တိတွေဆီကနေ ဘာသင်ခန်းစာတွေများ ရနိုင်မလဲဆိုတာ….။ ဇာတ်ကားကြည့်ရှုရန် 📽 👇 https://t.me/cinematicsphere07/419

August 28, 2024 745