Bubblegum (2023) Action, Bollywood, Drama, Romance IMDB: 6.9/10 259… — Cinematic Sphere (Movies) — TG.ME

Bubblegum (2023) Action, Bollywood, Drama, Romance IMDB: 6.9/10 259 votes Best Screenplay writer ဆုရဖူးတဲ့ ဒါရိုက်တာကြီးRavikanth Perepu ရဲ့ လက်ရာကို အချောအလှလေးတွေရှုစားရင်း နှလုံးအေးစေမဲ့ရိုမန့်ဒရာမာလေးတင်ဆက်ပေးလိုက်ပါတယ်ငြီးငွေ့ဖို့ကောင်း‌တဲ့အချိန်တွေမှာ ပီကေပူရှိန်းလေးတစ်ခုကောက်ဝါးလိုက်ရင်လန်းဆန်းပြီးအိုင်ဒီယာအသစ်တွေရလာတတ်ကြတဲ့သူတွေရှိတယ်..... အဝါးကြာအချိုကုန်လာတဲ့အချိန်ရောက်လာရင်တော့ အာညောင်းလာပြီးထွေးထုတ်ပစ်ကြတာပေါ့ ဒါပေမဲ့ကြိုက်တဲ့သူကတော့ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထပ်ထပ်ဝယ်ပြီးထပ်ဝါးတတ်ကြတာပါပဲဒီဇာတ်ကားမှာ……..ဒီဂျေတစ်ယောက်အရမ်းဖြစ်ချင်တဲ့ အာဒီမပြည့်စုံတဲ့ဘဝမှာ ဒီဂျေအိပ်မက်ကအရမ်းမြင့်မားလွန်းနေတယ်မပြည့်စုံ‌နိုင်တဲ့ အိပ်မက်တွေနောက်လိုက်ရင်း အရမ်းငြီးငွေ့စရာကောင်းတဲ့သူ့ဘဝထဲသူဌေးသမီးအလှပဂေးလေးရောက်လာခဲ့တယ် ငြီးငွေ့စရာသူ့ဘဝအတွက်ခဏတာလန်းဆန်းစေတဲ့ ပီကေလိုအချစ်ဇာတ်လမ်းလေးပေါ့.....သူတို့အချစ်ခရီးလမ်းဟာလည်း အချိန်ကြာအကြောင်းသိလာလေ ခက်ခဲလာလေပါပဲအချိုကုန် အချစ်တွေလျော့လာတဲ့တစ်နေ့ အထင်လွဲမှားမှုတွေနဲ့ သူတို့အချစ်ဇာတ်လမ်းတစ်ခန်းရပ်မလိုဖြစ်ခဲ့ရတယ်တစ်သက်လုံးရူးသွပ်လာတဲ့ ဒီဂျေအိပ်မက် နဲ့ တစ်သက်မှာတစ်ခါ ရူးရူးမူးမူးချစ်မိတဲ့အချစ်။ ဒီနှစ်ခုတည်းက တစ်ခုကိုပဲရွေးချယ်သွားမလားသူတို့ အချစ်ဇာတ်လမ်းရော ပီကေအသစ်တစ်ခုထပ်ထုတ်ဝါးသလို ပြန်စနိုင်ဦးမလား… ဇာတ်ကားကြည့်ရှုရန် 📽 👇 https://t.me/cinematicsphere07/414

August 28, 2024 1.1K