Thiru Manickam (2024) “ကံဇာတ်ဆရာ အလိုကျ” ဘ၀ဆိုတာ ဘယ်တော့မှ… — 📽 CINEMA MOVIE TIME 📽 — TG.ME

Thiru Manickam (2024) “ကံဇာတ်ဆရာ အလိုကျ”

ဘ၀ဆိုတာ ဘယ်တော့မှ ထင်သလိုဖြစ်မလာတတ်ပါဘူး။
ဖြစ်ချင်တာ အမြဲဖြစ်မလာတတ်သလို မဖြစ်ချင်တာတွေ
ဖြစ်တတ်တာလည်း လောကသဘာ၀လို့ ဆိုရမလားပါပဲ

အဲဒီဘ၀အခြေအနေကပဲ လူကောင်းကို လူဆိုး၊
လူဆိုးကို လူကောင်း ဖြစ်သွားစေတဲ့အဖြစ်တွေဟာလည်း ဒုနဲ့ဒေပါ။

အခုမိတ်ဆက်ပေးမဲ့ ဇာတ်လမ်းကလည်း
အဲဒီလို ဘ၀အရှုပ်အထွေးတွေကို အထင်အရှား ရိုက်ပြထားတာ ဖြစ်ပါတယ်

မာနစ်ကမ်ဟာ ရိုးသားဖြောင့်မတ်ပြီး ဖော်ရွေတာကြောင့် လူချစ်လူခင်ပေါသူပါ။
ထီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး ဇနီးရယ်၊ သမီးလေးနှစ်ယောက်ရယ်၊
ဆွေမျိုးတချို့ရယ်နဲ့ အတူ ပျော်ပျော်ပါးပါးနေထိုင်ပါတယ်။
မချမ်းသာပေမဲ့ ‌အေးချမ်းပြီး ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပေါ့

ဒါပေမဲ့ တစ်နေ့မှာတော့ အေးချမ်းတဲ့ဘ၀ကို လိုလားပုံမရတဲ့ ကံဇာတ်ဆရာက
မာနစ်ကမ်တို့မိသားစုဘ၀ကို လှိုင်းဂယက်ထသွားအောင် ပြောင်းလဲပစ်လိုက်ပါတယ်
အေးချမ်းတဲ့နောက်ကွယ်မှာ အခက်အခဲတချို့နဲ့ ငွေကြေးမပြေလည်မှုတွေရှိနေတဲ့
မာနစ်ကမ်တို့မိသားစုလေးကို ကံကြမ္မာက ဘယ်လိုကျီစယ်လဲ...

Join👉 t.me/netflixseriesmyanmar

Link👉 https://t.me/netflixseriesmyanmar/10708
August 27, 2026 1.6K 2