စိတ်လှုပ်ရှားဖွယ် သည်းထိတ်ရင်ဖို အခိုက်အတန့်တွေနဲ့… — 📽 CINEMA MOVIE TIME 📽 — TG.ME

စိတ်လှုပ်ရှားဖွယ် သည်းထိတ်ရင်ဖို အခိုက်အတန့်တွေနဲ့  ကြည့်ရှုရမယ့်ကားကောင်းတစ်ကား...

" Still Missing " (2020)

ဧပရယ် ဟာ မိဘနှစ်ပါးရဲ့ အချစ်ရဆုံးဖြစ်တဲ့ ၈ နှစ်အရွယ် သမီးလေးတစ်ယောက်ပါ ဒါပေမယ့် တစ်နေ့မှာတော့ April ဟာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူ ဖစ် က သမီးကို ပြန်လည်ရှာဖွေဖို့ ဘဝတစ်ခုလုံးကို ပုံအပ်ခဲ့ရပါတယ်

နှစ်များကြာပြီးနောက် မီးလောင်ကျွမ်းထားတဲ့ မိန်းကလေးတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ရာမှာ ဧပရယ် ပျောက်ဆုံးသွားတဲ့နေ့ ဝတ်ဆင်ထားခဲ့တဲ့ အဝတ်စအပိုင်းအစနဲ့ ကိုက်ညီတဲ့ သက်သေတစ်ခုကို တွေ့ရခဲ့ပါတယ်

DNA စစ်ဆေးချက်အရလည်း ၉၅ ရာခိုင်နှုန်းအထိ ဧပရယ် နဲ့ ကိုက်ညီနေခဲ့ပါတယ် ဒါပေမယ့် ဖစ် ကတော့ အဲဒီအလောင်းဟာ သူ့သမီးမဟုတ်ဘူးလို့ ယုံကြည်နေဆဲပါ

သမီးကို ဆက်လက်ရှာဖွေဖို့ဖစ် ဟာ ပျောက်ဆုံးကလေးများအဖွဲ့အစည်းမှာ အလုပ်လုပ်ဖူးတဲ့တန် ကို ငှားရမ်းလိုက်ပါတယ် မျှော်လင့်ချက်တွေ ပြန်လည်ပေါ်ထွက်လာချိန်မှာတော့ ကလေးတွေကို ရက်စက်စွာ ပြန်ပေးဆွဲတတ်တဲ့ စိတ်ရောဂါဆန်ဆန် လူတစ်ယောက်နဲ့ ရင်ဆိုင်ရပါတော့တယ်။

Join👉 t.me/netflixseriesmyanmar

Link👉 https://t.me/netflixseriesmyanmar/10703
❤1
August 27, 2026 529 2