တွေးအမရာမောင် " ဘရိတ်ဓား လို အမျိုးသမီး ဇူလိုင် လမှာ ကျွန်တော်… — 🌷ချစ်​သောအတွက်🫶💗 — TG.ME

" တွေးအမရာမောင် " ဘရိတ်ဓား လို အမျိုးသမီး ဇူလိုင် လမှာ ကျွန်တော် သေဆုံးတယ်။ ဘရိတ်ဓားကြောင့်မဟုတ် ကျုပ် ကြောင့်ပေါ့။ ဒီ ဘရိတ်ဓား သိပ်လှတယ် သွေးထက်လဲ နီ လို့ အမျိုးသမီး ပုရွက်ဆိတ်လို။ ဘရိတ်ဓားလို အမျိုးသမီး သူ၏ ဆံနွယ် ရွေ‌နွယ်စိမ်း သူ့ အပြုံး ချိုစိမ့်တစ်ခွက် မျက်နှာဖုံး မပါဘူး အမှန်ပါ အမှန်ပါ သူ့ မျက်စောင့် ထောင့်မှာ ကျုပ်ထက်သေတယ်။ လမ်းကြောင်းဆုံပါလျှက် အကြည့်လွှဲခဲ့ကြတယ် အလှမပျက် ဒီ အမရာ ဒီဓါးကို ဖက်ထားတုန်း ဒီဓါးကို ဖက်ထားတုန်း။ ဘယ် မျက်ခွံ ပေါ် စိန်တစ်ပွင့်ကို တက်တက်မက်မက် ချစ်ဖူးတယ် ကျုပ် ပထမ ဆုံး ပျိုး တဲ့ပန်းက အစေ့မအောင်ခဲ့ဘူး။ သူသာ လှပါတယ်။ သူ့စိတ် လှပါသည်။ သူ့အပြုံးချိုပါသည်။ သူ့အရာရာ လှပါ၏။ ကျုပ်အရာအားလုံးလွဲပါသည်။ အရာရာ ဝေးပါသည်။ ကျုပ် အမရာ နဲ့ ဝေးခဲ့၏။ နှလုံးသားလဲ သေခဲ့သည်။ မျော်လင့်ချက်လဲ ဆုံးခဲ့၏။ အကျွန်ုပ် တွေးအမရာ‌ေမာင်ကို ချစ်ခဲ့ဖူးသည်။ အကျွန်ုပ် နေမ၀င်တဲ့ မေတ္တာ လမင်းကို စောင့်နေသည်။ - နှောင်းလူ

August 14, 2026 316