The Early Spring (2026)
နွေဦးပျိုပျို ချစ်တေးချိုချို (၂၀၂၆)
ကဲ အာဏာအပြိုင်အဆိုင်တွေနဲ့ ကြေကွဲစရာအချစ်အမုန်းတွေကို ခံစားလို့၀ရင် ဒီတစ်ခါ နွေဦးပျိုရဲ့အချစ်ဇာတ်လမ်းလေးနဲ့ အချိုဓာတ်လေးတွေ ဖြည့်ကြရအောင်လေ 🍼
ဒီတစ်ခါမှာတော့ စာရေးဆရာမ 姑娘别哭 ရဲ့ နာမည်တူဝတ္ထုကို ဒါရိုက်တာ Jiang Jizheng က ရိုက်ကူးထားပြီး မင်းသားချော Jing Boran နဲ့ မင်းသမီးချောလေး Sun Qian တို့ အဓိက ပါဝင်ထားတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ
ဇာတ်လမ်းအကျဉ်း 📝
ပါရမီရင့်သန်လှပြီး ပါးနပ်
လှတဲ့ Luan Nian နဲ့ မြို့တော်ကြီးဆီ စတင်ခြေချလာသည့် တက်ကြွလှပသော မိန်းကလေး Shang Zhitao တို့ဟာ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ကြပါတယ်
ထက်မြက်လှတဲ့ Shang Zhitao ဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ Luan Nian ရဲ့ စည်းကမ်းကြီးလှသော အေးစက်စက် ရေခဲနှလုံးသားတံတိုင်းကို ဖြိုခွဲဖို့ ကြိုးစားလာတဲ့အခါ .....
သူတို့နှစ်ဦးဟာ မြို့တော်ရဲ့ ပြိုင်ဆိုင်မှုများကြားတွင် အပြန်အလှန် ဆွဲဆောင်မိကြရင်း ချစ်လိုက် ခွဲခွာလိုက်ဖြင့် ရင်ခုန်ဖွယ် ကာလများကို ဘယ်လိုဖြတ်သန်းကြမလဲ....
ဒီလိုနဲ့ ကံကြမ္မာရဲ့ဖန်တီးမှုတွေကြားမှာ Luan Nian နဲ့ Shang Zhitao ဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်ပေးနိုင်ဖို့ ကြိုးစားခဲ့ကြတာပေါ့
ဒီလိုနဲ့ ရင်ခုန်ဖွယ် လူငယ်အချစ်ဇာတ်လမ်းလေးကနေ အချိန်နဲ့အမျှတိုးတက်ပြောင်းလဲလာမဲ့ ရင့်ကျက်တဲ့အချစ်ဇာတ်လမ်းလေးဆီကို ဘယ်လိုတဖြည်းဖြည်းဆွဲခေါ်သွားမလဲဆိုတာ .......
Crd to SK
#TheEarlySpring #chineseseries #2026series #mmsub #blackhole

3August 28, 2026 560 4