Chinese Series Main Channel: post #2030 — TG.ME

The Good Doctor (2017)

(Season-1) (စ-ဆုံး)
--------------------------

IMDB (8.6/10)

အညွှန်းဖတ်ရန်👇👇

The Good Doctor စီးရီးဟာ နာမည်ကြီးကိုရီးယားစီးရီးကို ပြန်လည်ရိုက်ကူးထားတာပါ၊ ကိုရီးယားစီးရီးကို မကြည့်ဖြစ်လိုက်ပေမယ့် ဒီအမေရိကန်စီးရီးကိုတော့ စိတ်ဝင်တစားကြည့်ဖြစ်ပါတယ်

ဆရာဝန်စီးရီးတွေမှာတော့ အမေရိကန်စီးရီးတွေက အများကြီးပီပြင်ပါတယ်၊ အသုံးအနှုန်းတွေ လှုပ်ရှားမှုတွေနဲ့ ရောဂါတွေက အတော်လေးသဘာဝကျပါတယ်

ဇာတ်လိုက်ကတော့ Autism အော်တစ်ဇင်ရောဂါရှိတဲ့ ပါရမီရှင်ခွဲစိတ်အလုပ်သင် ဆရာဝန်တစ်ယောက်ပါ၊ သူ့ကို ဆေးရုံအုပ်ကြီးက သူ့ရာထူးနဲ့ရင်းပြီး ထောက်ခံပေးကာ အလုပ်ဆင်းခွင့်ပြုခဲ့ပါတယ်

သူရောက်သွားတဲ့ ခွဲစိတ်ဆရာဝန်အဖွဲ့ခေါင်းဆောင်က အရမ်းတော်ပြီး မာနကြီးတယ်၊ သူ့တွဲဖက်တွေကလည်း လူသန်းဆန်သူ၊တကိုယ်ကောင်းဆန်သူ စသည်ဖြင့် လူအမျိုးမျိုးနဲ့ ကြုံလာရပါပြီ

သူ့ရဲ့ ထူးဆန်းတဲ့တွေးခေါ်ပုံတွေ၊ လူတွေနဲ့ကသိကအောက် ဟာသတွေ၊ အမှန်နဲ့အမှားကြားက ကျင့်ဝတ်တွေနဲ့ အတော်ကို ဝေဝေဆာဆာရှိတဲ့ ဇာတ်လမ်းပါပဲ

House MD, Grey Anatomy လိုမျိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝကျေနပ်စေမယ့် ဇာတ်လမ်းဖြစ်ပါတယ်



🔺ဇာတ်ကားကြည့်ရန်👇🔰

https://t.me/VIP_YoYo6/35
https://t.me/VIP_YoYo6/36