The Early Spring (2026)
နွေဦးစရဲ့ရင်ခုန်စရာနေ့ရက်များ
ဒီတစ်ခါကြည့်ရမဲ့ဇာတ်ကားသစ်လေးကတော့ နာကျင်စရာပင်ပန်းမှုတွေနဲ့ရောထွေးနေတဲ့ လုပ်ငန်းခွင်တွင်းက အချစ်ဇာတ်လမ်းလေးကို ရှုစားအားပေးရမှာပါ။ ဒီဇာတ်ကားထဲမှာဆိုရင် MC အဖြစ် Jing Bo Ran နဲ့ တောသားအချစ် ဈေးမဆစ်နဲ့ဆိုတဲ့စီးရီးထဲက ကိုတောသားလေးရဲ့အိမ်သူသက်ထားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Sun Qian တို့က အဓိကပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအညွှန်း >>>
ဘွဲ့ရခါစ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ရှန်းကျစ်ထောင်ဟာ ကမ္ဘာ့ထိပ်တန်းကြော်ငြာကုမ္ပဏီကြီးတစ်ခုမှာ အမှတ်မထင်အလုပ်ရရှိခဲ့ပြီး လုပ်ငန်းခွင်ထဲကို အတွေ့အကြုံမရှိသေးတဲ့ Newbie လေးအဖြစ် စတင်ဝင်ရောက်ခဲ့ပါတယ်။ အလုပ်ဝင်တဲ့ပထမဆုံးနေ့မှာတင် ပါးစပ်ထဲရှိရာပြောတတ်တဲ့ အထက်လူကြီး လွမ်နျန်က သူ့ကို အလုပ်ကနေထွက်ဖို့အထိ ပြောဆိုပစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ စိတ်ဓာတ်မကျဘဲ ဖိအားတွေကိုကြံ့ကြံ့ခံရင်း စိန်ခေါ်မှုတွေကြားကနေ တဖြည်းဖြည်းရင့်ကျက်ထက်မြက်လာကာ နောက်ဆုံးမှာတော့ အရည်အချင်းရှိသူတစ်ယောက်အဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။
အဲဒီလိုရုန်းကန်ရတဲ့အတောအတွင်းမှာပဲ သူဟာ လွမ်နျန်အပေါ် ရင်ခုန်သံတွေ စတင်ဖြစ်ပေါ်ခဲ့ပါတော့တယ်။ ချစ်ကံဆိုးချင်တော့ သူတို့နှစ်ယောက်ဟာ အတူတကွ (၆) နှစ်ကြာဖြတ်သန်းခဲ့ကြပေမဲ့ မထင်မှတ်ထားတဲ့ နားလည်မှုလွဲမှားခြင်းတွေကြောင့် ရှန်းကျစ်ထောင်ဟာ ဘာစကားတစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျစ်ထောင်တစ်ယောက် မွေးရပ်မြေမှာ ကိုယ်ပိုင်စားသောက်ဆိုင်နဲ့ Event အေဂျင်စီသေးသေးလေးတစ်ခုကို အောင်မြင်စွာစီမံခန့်ခွဲရင်း ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ကာ ကိုယ်ပိုင်ဘဝကို စိတ်တိုင်းကျအမှီအခိုကင်းစွာ လှပစွာဖန်တီးနေခဲ့ချိန်လေးမှာပဲ မဆုံနိုင်ခဲ့တဲ့ချစ်ရသူနဲ့ ပြန်လည်ဆုံစည်းခဲ့ပါတော့တယ်။
တစ်ခါလွဲရင် ဘယ်လောက်ကြာလဲ။ ကိုယ်တို့တွေ ဘယ်ရထားမှာ လွဲခဲ့ကြတာလဲဆိုတဲ့အခြေအနေတွေကနေ အချိန်တစ်ခုအရောက်မှာ ပြန်လည်ဆုံစည်းခဲ့တဲ့နှလုံးသားတစ်စုံရဲ့ချစ်မီးစတွေဟာ ဘယ်လိုများပြန်လည်ရှင်သန်လာမလဲကတော့ ချစ်ရသူနဲ့ တစ်ဘဝစာလွဲသွားပြီဖြစ်တဲ့ချစ်ပရိသတ်တို့က စောင်ကိုက်ရင်း အသဲကလိလိဖြစ်ရင်း ရင်ခုန်အားပေးလိုက်ပါဦးနော်။
#TheEarlySpring
5August 25, 2026 1.4K 6









