Prelude of the White Snake (2026)
အတိတ်ကြေးမုံမှ ချစ်တေးပန်းချီ
ဒီတစ်ခါတော့ Legend of white snake ဖန်တွေအကြိုက်တွေ့စေမဲ့စီးရီးသစ်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းက တရုတ်နတ်ဘုရားဒဏ္ဍာရီကြီးဖြစ်တဲ့ Legend of the White Snake ကို New Twist အနေနဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ Xianxia Fantasy Romance အမျိုးအစားဖြစ်ပါတယ်။
ဒီကားထဲမှာတော့ အလှလေး Zhao Ya Ting၊ Lin Ya Dong၊ Zhang Chen Yao တို့က အဓိကပါဝင်ပေးထားပါတယ်။
ဇာတ်လမ်းအညွှန်း >>>
မြွေဖြူမလေးပိုင်စူးကျန်းဟာ နှစ်ပေါင်းငါးရာတိုင်တိုင်အပြင်းအထန်ကျင့်ကြံခဲ့ပြီး မကြာမီမှာ အမတအဆင့်ကိုရောက်ရှိတော့မှာပါ။ ဒါပေမဲ့ အဲလိုအရေးကြီးနေချိန်မှာပဲ မပြီးပြတ်သေးတဲ့ အတိဒုက္ခထဲကတစ်ပါးဖြစ်တဲ့ ချစ်မေတ္တာကပ်ဘေးကြောင့် အရေးကြီးလှတဲ့အတိတ်အမှတ်ရစရာတချို့ ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ အမတတွေရဲ့အမိန့်တော်အရ သူဟာ လူ့ပြည်လောကဆီ ဆင်းသက်လာခဲ့ပြီး ရွှီရှန်းဆိုတဲ့လူသားလေးကိုရှာဖွေကာ ကျေးဇူးတုံ့ပြန်ဖို့ပြင်ဆင်ခဲ့ရပါတယ်။
ဒါကြောင့် ရှောင်ချင်းနဲ့အတူ လူ့ဘုံလောကထဲ ခြေချခဲ့ပြီး မိသားစုတစ်စုလုံး သတ်ဖြတ်ခံခဲ့ရတဲ့အတိတ်ဆိုးကြီးကြောင့် ထိပ်တန်းမိစ္ဆာမုဆိုးဖြစ်လာတဲ့ ရွှီရှန်း၊ ကျင်းရှန်းကျောင်းတော်ရဲ့ တပည့်ဖြစ်တဲ့ ဖာဟိုင်တို့နဲ့ ကံကြမ္မာအရဆုံတွေ့ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ကံကြမ္မာနှောင်ကြိုးတစ်ခုတည်းနဲ့ချည်နှောင်ခံထားရတဲ့ သူတို့လေးဦးဟာ အန္တရာယ်နဲ့အချစ်အမုန်းတွေပြည့်နှက်နေတဲ့လမ်းခရီးကြီးကို အတူတကွစတင်လျှောက်လှမ်းခဲ့ကြပါတော့တယ်။
ဒီဇာတ်လမ်းထဲမှာ မြွေဖြူမလေး ပိုင်စူးကျန်းက အတိတ်က အမှတ်ရစရာတွေပျောက်ဆုံးနေတဲ့အပြင် သူတို့လေးယောက်ပေါင်းပြီး ခရီးထွက်ရမယ့် Fate-bound Journey မို့လို့ ရင်ခုန်စရာပဟေဠိတွေကြောင့် ကြည့်ရင်းစိတ်လှုပ်ရှားရင်ခုန်ရဦးမှာပါဗျို့။
#PreludeOfTheWhiteSnake
5September 5, 2026 1K 3








