Hanyi Enters the Hearts (2026)
မိန်းမလှတို့ရဲ့ဓါးသွားနှလုံးသား
ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Rebirth, Female Empowerment ကိုမှ Revenge Drama ပုံစံလေးပါ။ လက်စားချေတာဆိုတော့ ဇာတ်အိမ်က အကွက်ကျကျ လက်စားချေမှုနဲ့ လျှို့ဝှက်ဆန်းကြယ် Plot Vibe မျိုးဖြစ်မှာကတော့ ပြေးကြည့်ရင်တောင် မောနေပါဦးမယ်။
အဓိကဇာတ်ဆောင်တွေအဖြစ် အလှလေး He Xuanlin နဲ့ ကိုလူချောလေး Zhan Yu တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအညွှန်း >>>
မိသားစုတစ်စုလုံး မတရားသတ်ဖြတ်ခံလိုက်ရတဲ့ ဆိုးရွားလှတဲ့အဖြစ်ဆိုးကြီးကနေ ကံကောင်းထောက်မစွာနဲ့လွတ်မြောက်လာခဲ့သူ ရှန်းလီဟာ သူ့ရဲ့မူလအထောက်အထားကိုဖုံးကွယ်ကာ ကုဟန်ရီးဆိုတဲ့နာမည်အသစ်တစ်ခုကို ပြောင်းခဲ့ပါတယ်။ သူဟာ မိသားစုအတွက် လက်စားချေဖို့ရည်ရွယ်ပြီး ဆေးပညာနဲ့စစ်ဗျူဟာပညာတွေကို အပြင်းအထန်လေ့ကျင့်ရင်း အချိန်နှစ်ပေါင်းများစွာကြိုတင်ပြင်ဆင်ခဲ့တာပေါ့။
ဒါ့ပြင် ကုဟန်ရီးဟာ သူနဲ့ကံကြမ္မာတူညီတဲ့ အမျိုးသမီးမဟာမိတ်အဖွဲ့အစည်းကြီးတစ်ခုကို တိတ်တဆိတ်ဖွဲ့စည်းခဲ့ပြီး မိသားစုကို သတ်ဖြတ်ခဲ့တဲ့တရားခံတွေကို တစ်ယောက်ပြီးတစ်ယောက် ရှာဖွေအပြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပထမရန်သူနှစ်ယောက်ကို ချေမှုန်းအပြီး သတ်ဖြတ်မှုနောက်ကွယ်က လူသားစားပန်းပုံတက်တူးနဲ့ တကယ့်ကြိုးကိုင်သူခေါင်းဆောင်ကြီးကို စုံစမ်းမိလိုက်ချိန်မှာတော့ အဲဒီကြောက်စရာကောင်းလှတဲ့တရားခံအမှန်ဟာ သူနဲ့အနီးကပ်ဆုံးမှာ အမြဲတမ်းရှိနေခဲ့သူဖြစ်နေမှန်း မထင်မှတ်ဘဲ ထိတ်လန့်ဖွယ်သိရှိသွားခဲ့ရပါတော့တယ်။
ဒီ Short C-Drama လေးက Female-Led Revenge နဲ့ Suspense Romance အမျိုးအစား ဖြစ်လို့ တကယ့်ကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။ မဟာမိတ်အဖွဲ့နဲ့ အကွက်ကျကျ လက်စားချေမဲ့ Strong Female Lead ဖြစ်လို့ ကြည့်ရတာ အရမ်းကျေနပ်စရာကောင်းမှာကျိန်းသေပါပဲနော်။
#HanyiEntersTheHeart
4August 28, 2026 2.9K 8



