အဘွားမာဆွန်းဟာ ငယ်ရွယ်စဉ်ကတည်းက ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတဲ့အတွက် သားဖြစ်သူကို ပင်ပန်းကြမ်းတမ်းစွာ
တစ်ဦးတည်း ပြုစုပျိုးထောင်လာခဲ့သူပါ။ ဒီလိုမျိုး သားဖြစ်သူကို တက္ကသိုလ်ပါမောက္ခတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်နိုင်ခဲ့ပေမဲ့
အသက် ၇၀ ကျော်အရွယ်ရောက်လာတဲ့အခါမှာတော့ သူဟာ အိမ်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ အဘွားမာဆွန်းတစ်ယောက် လမ်းသွားရင်း ဓာတ်ပုံဆိုင်တစ်ဆိုင်တွေ့လို့ ဝင်ပြီး ဓာတ်ပုံရိုက်ရာက
မထင်မှတ်ထားလောက်အောင် အသက် ၂၀ နှစ်အရွယ် ရုပ်ရည်သွင်ပြင်နဲ့ မိန်းမပျိုလေးဘဝကို ပြန်ရောက်သွားပါတော့တယ်။
ဟိုအရင်က မက်ခဲ့တဲ့ အိပ်မက်ကို လက်လှမ်းနိုင်ခဲ့တဲ့ အဘွားမာဆွန်းတစ်ယောက် ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့
Miss Granny ဆိုတဲ့ ရုပ်ရှင်မှာ ကြည့်ရှုခံစားနိုင်ပါပြီ။

