Tag-init (2023) (🔞+) မာတင်ဆိုတဲ့ကောင်လေးဟာ တစ်ခုသော နွေရာသီမှာ… — CDrama Zone — TG.ME

Tag-init (2023) (🔞+)

မာတင်ဆိုတဲ့ကောင်လေးဟာ တစ်ခုသော နွေရာသီမှာ သူ့အစ်ကို၊ သူ့အစ်ကိုသူငယ်ချင်းနဲ့အတူ အပန်းဖြေကမ်းခြေတစ်ခုကိုရောက်ရှိခဲ့ပါတယ်။
အဲ့ဒီခရီးစဉ်ဟာ သူ့ဘဝအတွက် တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကြုံဆုံလာရမယ့် ကာလတစ်ခုဖြစ်လာမယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။
သူ့အစ်ကိုနဲ့အတူ ပါလာတဲ့သူငယ်ချင်းက ရည်းစားမက သူငယ်ချင်းမကျကောင်မလေးတစ်ယောက် ခေါ်လာပါတယ်။သူ့အစ်ကိုအပါအဝင်
သုံးယောက်လုံးက သောက်လိုက်စားလိုက် ဝိတွေချလိုက်နဲ့ ပျော်ပါးနေချိန်မှာ အဲ့ဒါမျိုးတွေမလုပ်တတ်တဲ့အတွက် သူကတော့ ကမ်းခြေတစ်လျှောက်စူးစမ်းမိပါတယ်။
အဲ့ဒီမှာ သူမြင်ခဲ့ရတာ နေဝင်ဆည်းဆာရောင်အောက်မှာ ဘီကနီနဲ့ရေထဲလမ်းလျှောက်နေတဲ့ သိပ်လှတဲ့ မမကြီးတစ်ယောက်ကိုပါပဲ။
နောက်ပိုင်း လစ်ရင်လစ်သလို အဲ့ဒီ မမရှိတဲ့ ဘက်ကိုသွားသွားနေမိရင်း အဲ့ဒီမမက သူ့ကိုခေါ်နူတ်ဆက်ရင်း စကားလက်ဆုံကျမိသွားတဲ့ညနေတစ်ခုမှာတော့
လူပျိုဖြန်းလေးတစ်ယောက် အရူးအမဲသားကျွေးသလို ဆတ်ဆတ်ခါသွားခဲ့ပါတော့တယ်။

https://t.me/Movie_Time_MM_Sub/59
❤1
August 25, 2026 1.4K 9