To*m an*d Jer*ry’s Gia*nt Adv*ent*ure (2/0/1/3)
တွမ်နဲ့ဂျယ်ရီဟာ ပုံပြင်စာအုပ် မြို့တော်ဆိုတဲ့အပန်းဖြေကစားကွင်းပိုင်ရှင်တွေ မွေးထားတဲ့ကောင်လေးနှစ်ကောင်ပေါ့။အဲဒီကစားကွင်းက လူမလာဘဲ အရှုံးပေါ်နေတာကြောင့် အကြွေးနဲ့သိမ်းခံရတော့မယ့်အထိအခြေအနေ ဆိုးနေခဲ့တာပါ။ဒါကြောင့် ကစားကွင်းထဲက ပစ္စည်းတွေ၊ တိရစ္ဆာန်ရုံထဲက အကောင်တွေ ရောင်းထုတ်ပြီး ပိုက်ဆံရှာနေရတာပါ။ရောင်းရင်းရောင်းရင်း နောက်ဆုံးမှာနွားမလေးတစ်ကောင်ပဲ ရောင်းစရာဆိုလို့ ကျန်တော့တာပါ။ဒါပေမဲ့ကစားကွင်းပိုင်ရှင်ရဲ့သား ဂျက်က အဲဒီနွားလေးကို ပိုက်ဆံမယူဘဲ မှော်ပဲစေ့ဆိုတာတွေနဲ့ လဲလိုက်မိသွားပါတယ်။ဒီလိုနဲ့ စိတ်ဓါတ်ကျနေတဲ့ ဂျက်တို့အဖွဲ့ အဲဒီပဲစေ့တွေကိုပဲ စိုက်လိုက်ရင်း နောက်နေ့မှာတော့ ဧရာမပဲပင်ကြီးအဖြစ်နဲ့ကောင်းကင်ပေါ်က နတ်သမီးတိုင်းပြည်ဆိုတဲ့ ထူးဆန်းတဲ့ နေရာတစ်ခုအထိ ရောက်အောင် ပေါက်နေတာကို သိလိုက်ရပါတယ်။အဲဒီတိုင်းပြည်မှာ ဧရာမဘီလူးကြီးတစ်ကောင်ကပြည်သူတွေဆီက ရွှေငွေတွေကို အင်အားသုံး လုယူနေတာပါ။ဒါကို လက်မခံနိုင်တဲ့ ဂျက် တွမ်နဲ့ ဂျယ်ရီတို့က အဲဒီဘီလူးကိုတားပြီး နတ်သမီးတိုင်းပြည်ကို ကယ်ဖို့ ကြိုးစားပါတော့တယ်။

1